My Cherry Will Explode in the ApocalypseChapter 75《 ကြောင်နှင့်ကြွက် 》
Author: Drunken Light Song
Source:Jostena M
Editor: Dragon
Translator: オタクကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည် ရှောင်ဟေးကိုခေါ်သွားကာ စစ်သားငယ်တစ်ဦးမှ သူတို့အားအခြေစိုက်စခန်း၏ ခေါ်ဆောင်သွားခဲ့လေသည်။ ၎င်းသည် အလွန်ကြီးမားသော ဂိုဒေါင်တစ်ခုဖြစ်၏။ မြေပြင်ပေါ်တွင် အိတ်ငယ်များအပုံတစ်ပုံနှင့် စက္ကူပုံးအနည်းငယ်ရှိလေ၏။ ထိုအိတ်များနှင့် သေတ္တာများသည် သန္ဓေပြောင်းကြွက်များ အကိုက်ခံထားခဲ့ရကာ အစာအကြွင်းအကျန် အနည်းငယ်သာကျန်တော့လေ၏။
“ ဒီကြွက်တွေကို ကျွန်တော်တို့မထိန်းနိုင်တော့ကတည်းက အကြီးအကဲက ကျန်တဲ့ရိက္ခာတွေကို ဂိုဒေါင်ရဲ့နောက်ဘက်ကို ရွှေ့ခိုင်းခဲ့ပေမယ့် တားလို့မရသေးဘူး”
စစ်သားငယ်လေးသည် နံရံထောင့်ရှိ ထင်ရှားသောကြွက်တွင်းအချို့ကိုလက်ညှိုးထိုးပြကာ စိတ်ပျက်ညည်းညူစွာပြောပြခဲ့လေ၏။
ဤဒေသရှိ အစားအစာသည် အခြေစိုက်စခန်းတစ်ခုလုံးအတွက် နှစ်လမှသုံးလစာရိက္ခာဖြစ်ပြီး ထိုကြွက်များကြောင့် အားလုံးပျက်စီးသွားခဲ့ရသည်။
သူတို့သည် ဂိုဒေါင်အသစ်ဆီသို့ စစ်သား၏နောက်မှလိုက်သွားခဲ့ကြသည်။ ဂိုဒေါင်တစ်ခုလုံးကို သံပြားများ၊ စတီးပြားများဖြင့် ထပ်မံအားဖြည့်ကာကွယ်ထားခဲ့သည်။ ကြမ်းပြင်များနှင့်နံရံများသာမက မျက်နှာကျက်များလည်း ပါသည်။ သို့သော်လည်း သန္ဓေပြောင်းကြွက်များသည် မြေပေါ်တွင် တွင်းတူးနိုင်ကြဆဲဖြစ်၏။ ထိုသန္ဓေပြောင်းကြွက်များတွင် သံပြားများနှင့် စတီးပြားများကိုတောင် ကိုက်ဖြတ်သွားနိုင်လောက်သည့် အလွန်ချွက်ထက်သည့် သွားများနှင့် ခြေသည်းများရှိကြ၏။ အကယ်၍ ၎င်းသည် ဆက်ဖြစ်နေလျှင် အခြေစိုက်စခန်းသည် ထိုကြွက်များကြောင့် ပျက်စီးရပေလိမ့်မည်။
သူတို့အနေဖြင့် ဂိုဒေါင်၏ထောင့်တိုင်းတွင် 24/7 စိုက်ကြည့်ရန် လူများကိုသာ စေလွှတ်ထားနိုင်ရုံသာရှိကြသည်။ ကြွက်တွင်းတစ်ခုကို တွေ့ရှိသည်နှင့် သူတို့သည် ၎င်းကို ဆာလဖူရစ်အက်ဆစ်ဖြင့် ချက်ချင်းရေမြုပ်စေကာ ထို့နောက် အမျိုးမျိုးသော ဖြည့်စွက်ပစ္စည်းများဖြင့် ဖြည့်သွင်းခဲ့ကြသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...