My Cherry Will Explode in the Apocalypse
Chapter 50
Author: Drunken Light Song
Source: Jostena M
Editor: playerprophet & Callis
Translator: オタク【 Unicode 】
အလောင်းကောင်ကြီး မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လီမင်းသည် ပေါက်ချွန်းတစ်လက်ကိုယူပြီး အလောင်းကောင်၏ခေါင်းထဲသို့ တူးထုတ်လေ၏။ သူသည် အနီဖျော့ဖျော့ အမြုတေခဲကိုတွေ့လိုက်ရပြီး ၎င်းသည် ဖုတ်ကောင်များ ဆင့်ကဲပြောင်းလဲလာနေခြင်းကို ကိုယ်စားပြုနေလေ၏။
ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များ၏ခြိမ်းခြောက်မှုမရှိဘဲ သာမာန်ဖုတ်ကောင်များကို ရှင်းလင်းရန် ပိုလွယ်ကူလာခဲ့သည်။ စစ်သားများသည် လျင်မြန်စွာ ပြေးသွားကြကာ သူတို့၏သေနတ်များကိုပစ်ခတ်လိုက်ကြပြီး ဖုတ်ကောင်များသည် တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြလေကုန်၏။ ကျန့်ယွင်သည် အစပြုလိုက်ပြီး ဖုတ်ကောင်တစ်ကောင် ခေါင်းသို့ပစ်လိုက်၏။ သူသည် သေနတ်အားလွယ်လွယ်ကူကူပစ်လိုက်ခြင်းသည် လီမင်း၏အာရုံအားဆွဲဆောင်မိနေလေ၏။
“ငါက ရဲ၀န်ထမ်းတစ်ယောက်ပါ”
ကျန့်ယွင် ခပ်ပြတ်ပြတ်ပြောလာ၏။
လီမင်းသည် ခေါင်းညိတ်လိုက်ပြီး ပြည့်သူ့၀န်ထမ်းတစ်ယောက်ဖြစ်သည့် ကျန့်ယွင်အား နားလည်ပေးခဲ့သည်။
သူသည် အဖွဲ့ထဲရှိ တခြားသူများထက် ပိုပြီးများစွာ အရည်အချင်းရှိလေ၏။ သူတို့ထဲမှ အများစုသည် ရွေ့လျားနေသော ပစ်မှတ်အားပစ်ခတ်ရန် ကြိုးစားနေခဲ့ခြင်းတစ်ခုကိုအသာထား ကမ္ဘာပျက်ကပ်မတိုင်ခင်က သေနတ်တစ်လက်အား မထိခဲ့ဖူးကြချေ။ သူတို့၏နိမ့်ပါးသောအရှိန်နှုန်းသည် မမြင်ရသလောက်ပင်။ စုရွေ့ကျယ်ပင်လျှင် လွန်စွာတိကျမှုမရှိသော်လည်း အကယ်၍ သူတို့ကိုသာ ပဲစေ့ကျည်ဆန်များဖြင့်အစားထိုးလိုက်ပါက သူတို့အနေဖြင့် ခေါင်းကိုမထိဘဲနှင့်တောင် ဖုတ်ကောင်များအား ချေမှုန်းနိုင်လေမည်။
ဖုတ်ကောင်အလောင်းကောင်အားလုံးအား ပစ်ခတ်ရန် ခုနစ်မိနစ် ရှစ်မိနစ်ခန့်ကြာခဲ့၏။ လီမင်းသည် စစ်သားများအား အမြုတေကို စုဆောင်းကောက်ယူရန်ပြောလိုက်၏။ သူသည် တံခါးအားခေါက်ရန် တခြားသူများကို ခေါ်သွားလိုက်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...