My Cherry Will Explode in the Apocalypse
Chapter 30
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク【 Unicode 】
သို့သော်လည်း သူတို့ ကားပါကင်ထိုးထားတဲ့ဆီသို့လျှောက်လာကြသောအခါ သူတို့ကားတံခါးများသည် မမျှော်လင့်ဘဲ ပွင့်နေကြောင်းတွေ့လိုက်ကြသည်။ ဂရုတစိုက်ကြည့်လိုသာအခါ ပုံသဏ္ဍာန်နှစ်ခုသည် သူတို့ကားထဲသို့ ခိုးကြောင်ခိုးဝှက် လုပ်နေကြသည်ကို တွေ့လိုက်ကြသည်။
ကျန့်ယွင်သည် မျက်မှောင်ကျုံ့ပြီး ကားဘက်သို့ နင်းလျှောက်သွားလိုက်သည်။လူနှစ်ယောက်သည် တစ်စုံတစ်ယောက်လာနေကြောင်း မြင်သောအခါ သူတို့သည် သူတို့၏လှုပ်ရှားမှုများကို အလျှင်အမြန် အရှိန်မြှင့်လိုက်ကြ၏။
ကား၏ ဘွန်း ဟူသောအသံနားထောင်လိုက်ရသည်နှင့် ကားစက်နှိုးခြင်းသည် အောင်မြင်သွားခဲ့သည်။ လူနှစ်ယောက်သည် ကားတံခါးကို အမြန်ပိတ်ကာ Accelerator ကိုနင်းပြီး မောင်းပြေးသွားကြလေသည်။
ကားအခိုးခံလိုက်ရပြီ...အခုမှ ပြဿနာ....
“အဲ့ဒိကားက မင်းတို့ဟာ မဟုတ်ဘူးလား? ”
သက်လတ်ပိုင်းလူသည် မေးလာ၏။။
သူပြောသည်အား ကြားပြီးနောက် ကျန့်ယွင်၏ မျက်ခုံးများ တွန့်ချိုးသွားကြသည်။ သူ ဒီလူကို တော်တော် သည်းခံနေရတယ်။“မင်းတို့ တံခါး လော့ချမထားခဲ့ဘူးလား? အခု ကမ္ဘာကြီးကို ကြည့်ပါအုံး မင်းတို့ဘာလုပ်ကမှန်းတောင် မသိကြဘူးလား? အခုတော့ မင်းတို့ဘယ်လိုလုပ်ကြမလဲ? ကားတစ်စီးမရှိဘဲ ဒီနေရာကနေ ဘယ်လိုထွက်သွားနိုင်မှာလဲ? ”
သက်လတ်ပိုင်းလူသည် စိတ်ရှုပ်ပြီး စောဒကတက်နေခဲ့သည်။
“တော်လောက်ပြီ! ”
စုရွေ့ကျယ် အေးစက်စွာ တံတွေး ထွေးပစ်လိုက်၏။
“အခု ဖုတ်ကောင်တွေလည်းမရှိတော့ဘူး၊ ခင်ဗျား ခင်ဗျားကြိုက်တဲ့နေရာကို သွားနိုင်တယ်။ ဒီနေရာမှာပဲ လမ်းခွဲကြစို့ ”
စုရွေ့ကျယ်၏စကားကို သက်လတ်ပိုင်းလူသည် ဘာကိုနားလည်ခဲ့သလဲ? ထိုအသံသည် မကြင်နာနေခဲ့ချေ။ သူ့မျက်လုံးများသည် ပုတ်ခတ်သွားကာ သူ့အမူအရာကို အလျင်အမြန်ပြင်ဆင်လိုက်သည်။ သူသည် စပ်ဖြဲဖြဲနှင့် ပြောလာ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...