My Cherry Will Explode in the Apocalypse
Chapter 88《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクလင်းကျား၏ စွမ်းအားသည် အမှန်တကယ်ကိုကောင်းမွန်ပြီး မကြာခင်မှာပင် ကျန်းမောင့်ရုန်၏ ကျုးသွားသော ဘယ်ဘက်ခြေထောက်သည် ကုသပြီးဖြစ်လေ၏။ ကျန်းမောင့်ရုန်သည် သူ့၏ လွတ်လွတ်လပ်လပ် ပြန်လှုပ်ရှားနိုင်ပြီဖြစ်သောခြေထောက်ကို ကြည့်ပြီး သူ့မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေလေ၏။
ကျန်းယွင်သည် ကျန်းမောင့်ရုန်ကို တစ်ဖက်သို့ခေါ်ပြီး လက်ကိုင်သေနတ်တစ်လက်နှင့် ပဲစေ့ကျည်ဆန်များအပြည့်ရှိသည့် ခါးလွယ်အိတ်တစ်လုံးကို ထုတ်လိုက်သည့်အပြင် ဖြေဆေးသုံးခုနှင့် စွမ်းရည်ဆေးသုံးခုကိုပါထုတ်ယူလိုက်ကာ၊ ထိုပစ္စည်းသုံးမျိုး၏ ထိရောက်မှုကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ပြီး လက်လွှဲပေးလိုက်လေသည်။ ကျန်းမောင့်ရုန်သည် အနည်းငယ်ကြမ်းတမ်းပြီး သူ့စိတ်ထဲတွင် အလွန်တက်ကြွမှုမရှိသော်လည်း ဘယ်လို ကျေးဇူးသိတတ်ရမည်ကိုသိပြီး အလွန်သစ္စာရှိလေသည်။ ထို့ကြောင့် ကျန့်ယွင်သည် သူ့အား ပစ္စည်းများကို ပေးသောအခါတွင် အတော်လေးအဆင်ပြေသည်။
ကျန်းမောင့်ရုန်သည် ဤအရာများကို တောင်ပိုင်းအခြေစိုက်စခန်းမှ အသစ်တီထွင်ခဲ့ခြင်းဖြစ်ကြောင်းကြားသိရပြီး တောင်ပိုင်းအခြေစိုက်စခန်းအပေါ် ပို၍ပို၍တောင့်တလာခဲ့သည်။
“အ့ဒါ၊အဲ့ဒါက...”
တုကျန်းသည် စုရွေ့ကျယ်ကိုရှာပြီး စကားပြောဖို့ မဝံ့မရဲကြိုးစားခဲ့သည်။
စုရွေ့ကျယ်သည် သူ့ သူ့ကိုရှာရန် လာသောအခါ အံ့ဩသွားပြီး သူ့ကို မော့ကြည့်လိုက်သည်။
“မင်း အရင် ငါတို့ရဲ့ဘေးကင်းဇုန်ကိုလာတဲ့အချိန်တုန်းက အထဲမှာ မင်းဆွေမျိုးတွေရှိတာကို ငါမှတ်မိတယ်”
တုကျန်း၏ မှတ်ဉာဏ်သည် ကောင်းမွန်ပြီး ထိုအချိန်က အခြေအနေကို ပြန်မှတ်မိနေဆဲဖြစ်သည်။ ဆွေမျိုး ဟူသော စကားလုံးကို ကြားပြီး စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...