My Cherry Will Explode in the Apocalypse
Chapter 54 《လယ်သမားဈေး》
Author: Drunken Light Song
Source: Jostena M
Editors: Callis, Dragon, playerprophet, Shirubame
Translator: オタク【 Unicode 】
LED နေကြာပန်းမီးအိမ်၏ အကျိုးသက်ရောက်မှုသည် အံ့ဩဖွယ်ကောင်းပါသော်လည်း မျက်စိဖမ်းစားနေဆဲဖြစ်သဖြင့် ဆွေးနွေးတိုင်ပင်ကြပြီးနောက် သူတို့သည် သတင်းအား ယာယီဖုန်းကွယ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစား ပြောင်းဖူးကျည်ဆန်များနှင့် ပြောင်းဖူးဗုံးများ၏သတင်းကို တမ်မှူးကျန်းအား ဝေမျှခဲ့လေသည်။ ပြောင်းဖူးသည် ပဲစေ့များထက်ရှာရလ်ကူပြီး စုရွေ့ကျယ်သည် ကယ်ဆယ်ရေးအဖွဲ့များ အသုံးပြုနိုင်ရန် ပိုများသောပြောင်းဖူးကျည်ဆန်များကို ပြောင်းလဲပေးနိုင်လိမ့်မည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ပြောင်းဖူးများကိုလည်း လက်နက်အဖြစ်ပြုလုပ်နိုင်မည်ဟု သတင်းပါးရန် သူ့အားတွေချင်ခဲ့ကြသည်။ အသေအချာကိုပင် တပ်မှူးကျန်းသည် ချက်ချင်းပင် လူများအား ပြောင်းဖူးအိတ်ကြီးတစ်အိတ်ကို ဆွဲယူလာရန် အမိန့်ပေးလိုက်ပြီး စုရွေ့ကျယ်အား ၎င်းအား လက်နက်အဖြစ်ပြောင်းရန် ကူညီစေ၏။
သို့သော်လည်း စုရွေ့ကျယ်သည် တစ်ကြိမ်တွင် ပြောင်းစေ့ဆယ်ခု၀န်ကျင်လောက်သာ ပြောင်းလဲပေးနိုင်ခဲ့ပြီး သူသည် မူးဝေပြီးရင်း မူးဝေလာကာ စွမ်းအင် အလွန်အကျွံသုံးစွဲခြင်း၏ လက္ခဏာတစ်ခုပင်ဖြစ်လေ၏။ ပြောင်းစေ့များကို လက်နက်ပြောင်းလဲခြင်းသည် ပဲစေ့များပြောင်းလဲခြင်းထက် ပိုသုံးစွဲခဲ့ရ၏။
တပ်မှူးကျန်းသည် ပြောင်းလဲခဲ့ပြီးသော ပြောင်းစေ့ကျည်ဆန်များကို ရေတွက်ကြည့်ခဲ့ရာ ပြောင်းစေ့ကျည်ဆန်အခုတစ်ထောင်နီးပါးနှင့် ပြောင်းဖူးဗုံးဆယ်လုံးရှိလေ၏။ သူသည် လောဘမကြီးခဲ့ပါချေ။ သူသည် ချက်ချင်းပင် စုရွေ့ကျယ်အား ပြန်နားရန် ခွင့်ပြုလိုက်သည်။ သူတို့သည် ဤအပင်မှပြောင်းလဲထားသောလက်နက်များကို သူတို့၏ယနေ့ညရှင်းလင်းရေးတွင် အသုံးပြုနိုင်သည်။
မနက် ဆယ်နာရီ၀န်းကျင်တွင် စစ်သားများသည် အိုးကြီးများစွာကိုဖိုကြကာ စတင်ချက်ပြုတ်ကြလေ၏။ သူတို့သည် ဂျုံမှုန့်များစွာနှင့် အာလူးများကိုရှာတွေ့ခဲ့ကြပြီး ဤတစ်နပ်ကတော့ ပါးပါးလှီးထားသော အာလူးများ နှင့် လုပ်ထားသောပန်ကိတ်များဖြစ်သည်။ အသက်ရှင်ကျန်သူတိုင်းသည် အနည်းဆုံး ပန်ကိတ်သုံးချပ်ပါ တစ်ပန်းကန် သို့မဟုတ် နှစ်ပန်းကန်ရရှိကြလေပြီး အတော်လေးကောင်းမွန်သည်ဟုယူဆနိုင်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...