My Cherry Will Explode in the Apocalypse
Chapter 57《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
တပ်ခွဲမှူးကျန်း နှင့် အခြားသူများကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျန့်ယွင်နှင့်သူ့အဖွဲ့သည်ဂိတ်ပေါက်ဆီသို့ ဆက်လက် လျှောက်သွားခဲ့ခဲ့သည်။
ကားပါကင်နေရာသို့ရောက်သောအခါ ယာဉ်များထိမ်းသိမ်းရေးကို တာ၀န်ရှိသူသည် အဖွဲ့ 12 မှဖြစ်ကြောင်းတွေ့လိုက်ရ၏။ ကျန့်ယွင်ရောက်ရှိလာသည်ကိုမြင်သောအခါတွင် သူသသည် သူတို့၏ယာယီနေထိုင်ခွင့်လက်မှတ်အား စစ်ဆေးပြီး သူတို့ထံသို့ပြန်ပေးကာ ယာဉ်ဖြတ်သန်းရန်လိုအပ်ပါက ကားပါကင်၏ ငှားရမ်းမှု စည်းမျဉ်းစည်းကမ်းများကို ဖြတ်ကျော်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။
“နိဟောင်၊ အဖွဲ့ခေါင်းဆောင်ကျန့်၊ ကျွန်တော့်နာမည်က နျိုသလီပါ။ ခင်ဗျားကျွန်တော့်ကို တနျိုလို့ခေါ်နိုင်ပါတယ်။ ခေါင်းဆောင်က ခင်ဗျားကိုစောင့်နေဖို့ ကျွန်တော့်ကိုမှာထားတယ်။ ခင်များ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေအများကြီးရှိလို့ပါ။ ကျွန်တော် ခင်ဗျားနဲ့အတူရှိမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။”
နျိုသလီသည် သူ့နာမည်နှင့်တူ၏။ အရပ်ရှည်ပြီးသန်မာ၏။ သူ့အသားအရည်က အနည်းငယ် အနက်ရောင်နှင့်အဝါရောင်ရှိ၏။သူသည် စစ်မှန်သောခံစားချက်နှင့် ရိုးရိုးသားသား ရယ်နေသည်။
“ခင်ဗျားတို့ ကားပါကင်နေရာ ငှားရမ်းဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ဖို့ လိုအပ်လား? ဒီနေမှာမှာ ကျွန်တော်တို့ ပါကင်ထိုးဖို့အတော်ဈေးသက်သာပါတယ်။ တစ်ပါတ်ကို အလုပ်မှတ်နည်းနည်းလေးနဲ့ တစ်စုံတစ်ယောက်က ခင်ဗျားတို့အတွက် စောင့်ကြပ်ပေးမှာ။ အဲ့ဒါက အရမ်း စိတ်ချလုံခြုံရတယ်။ ”
နျိုသလီသည် တပ်ခွဲမှူးကျန်း က ကျန့်ယွင်နှင့် သူ့အဖွဲ့အတွက် ပစ္စည်းများ တစ်သုတ်ကိုချန်ထားခဲ့သည်ဆိုသည်အား လီမင်းထံမှကြားခဲ့ရသည်။ လဲလှယ်ခဲ့သည့် အလုပ်မှတ်တော်တော်များများရှိသင့်သည်။ ကားနှင့် အလဲလှယ်လုပ်လိမ့်မည်မဟုတ်ကြောင်း သူခန့်မှန်းခဲ့သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...