My Cherry Will Explode in the Apocalypse
Chapter 65《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク【 Unicode 】
“ဝိုး! ရှောင်ကျယ် မင်းအရမ်းမိုက်နေတာပဲ! ”
အဆငါ့သုံးဖုတ်ကောင် မြေပေါ်သို့လဲကျသွားသည်ကိုမြင်လိုက်ရသောအခါ ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား ပွေ့ဖက်ရန် ပြေးလာလေ၏။
သူ ဒီလောက် အစွမ်းကြီးသည့် ဖုတ်ကောင်ကိုတောင် အနိုင်မယူနိုင်သော်လည်း စုရွေ့ကျယ်သည် သူတစ်ယောက်တည်း သတ်ပစ်လိုက်ခြင်းဖြစ်သည်။ သူ အရမ်းစွမ်းအားကြီးတာပဲ။
သို့သော်လည်း စုရွေ့ကျယ်၏လက်ထဲမှ သေနတ်သည် ရုတ်တရက် မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး အလွန်ပင်ပန်းနေသကဲ့သို့ သူ့တစ်ကိုယ်လုံးကို ကျန့်ကျားဟယ်၏ ပခုံးပေါ်တွင် ပစ်တွဲထားကာ
“ငါ့ကို ကားဆီပြန်သယ်ပေးအုံး, ငါ့မှာ ခွန်အားမရှိတော့ဘူး”
ကြည်လင်သော အမြုတေသည် စွမ်းအားရှင်အသုံးပြုလိုက်သည့် စွမ်းအားကို ဖြည့်တင်းပေးနိုင်သည်ဟု ယုံကြည်နိုင်သော်လည်း ၎င်းသည်စွမ်းရည်ကိုအသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ဖြည့်စွက်မပေးနိုင်ခဲ့ချေ။ ယခုလေးတင် အဆင့်သုံးဖုတ်ကောင်ကို တိုက်ခိုက်ရာတွင် စုရွေ့ကျယ်သည် အစွမ်းကုန်လုပ်ခဲ့သည်။ ဤအချိန်တွင် သူ့ခွန်အားများ ဆုံးရှုံးသွားသည်သာမက သူ့စိတ်စွမ်းအားလည်း ထိခိုက်သွားလေသည်။
“အိုခေ....”
ကျန့်ကျားဟယ်သည် ကျန်းရှို့လျန်ကို အမြန်ခေါ်လိုက်ပြီး စုရွေ့ကျယ်၏သေနတ်ကို ကောက်ယူကာ စုရွေ့ကျယ်ကို ကားထဲသို့ခေါ်သွားပေးလေသည်။ သူ့အား ပိုပြီးသက်တောင့်သက်သာ လှဲလျောင်းစေနိုင်ရန်အတွက် သူတို့သည် ဒုတိယထိုင်ခုံတန်းမှ ထွက်လာပေးခဲ့ကြသည်။
စုန့်ချန်ရှုသည် စုရွေ့ကျယ်ကို စစ်ဆေးပေးခဲ့ပြီး သူ ထိခိုက်ခြင်း မရှိသော်လည်း အားအင်ကုန်ခန်းသွားခြင်းသာဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထိုမှသာ ကျန်အဖွဲ့သားများ စိတ်သက်သာသွားခဲ့ကြသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...