My Cherry Will Explode in the Apocalypse
Chapter 103《 လင်ချန်းအကျဉ်းထောင် 》
Author: Drunken Light Song
Source: Jostena M
Translator: オタクစုရွေ့ကျယ်သည် သူတို့အသုံးပြုမည့် off road ကားတစ်စီးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်၏။ နောက်တန်းရှိ ထိုင်ခုံများကို ကုတင်ကဲ့သို့ဖြစ်အောင် ဖြန့်လိုက်လေသည်။ သို့သော်လည်း ကားပေါ်ရှိ နေရာလွတ်မှာ သေးငယ်လေသဖြင့် မိန်းကလေး ခုနစ်ယောက် လှဲအိပ်ရန် မဖြစ်နိုင်ချေ။ ကားနံရံကိုမှီပြီး ထိုင်ရုံသာတတ်နိုင်မည်ဟု မှန့်မှန်းနိုင်သည်။
စုရွေ့ကျယ်သည် စောင်သန့်သန့်တစ်ခုကို ထိုင်ခုံပေါ်ခင်းလိုက်ပြီး သနားစဖွယ်မိန်းကလေးများကို ကားပေါ်တင်ပေးဖို့ တခြားသူများကို အကူအညီတောင်းလိုက်လေသည်။
ကျန်းရှို့လျန်သည် ထိုလူများ၏ ခန္ဓာကိုယ်များကို သူ့စွမ်းရည်ဖြင့် မြှုပ်နှံပြီးနောက် SUV ကားပေါ်သို့တက်သွားလေသည်။ စုန့်ချန်ရှုသည် သူ့ဆေးသေတ္တာနှင့်အတူ ဝူကျင်းနောက်သို့ လိုက်သွားခဲ့သည်။
ကားနှစ်စီးသည် တစ်စီးပြီးတစ်စီး ရွာထဲမှ ထွက်ခွာသွားကြပြီး မကြာခင်မှာပင် နှင်းများကျလာကာ သူတို့ ရောက်ရှိလာခဲ့သည့် ခြေရာများကို မြုပ်နှံလိုက်လေသည်။
မြေပုံပေါ်ရှိ လမ်းညွန်ချက်များအတိုင်း သူတို့သည် လင်ချန်းအကျဉ်းထောင်သို့ မောင်းနှင်သွားခဲ့ကြလေသည်။ လမ်းတွင် ဖုတ်ကောင်အချို့ကို မလွဲမသွေတွေ့ကြုံခဲ့ကြသော်လည်း သူတို့သည် ၎င်းတို့အား ဂရုမစိုက်ခဲ့ပေ။ လမ်း၌ဝင်လာဝံ့သူများကို တိုက်ရိုက် တိုက်ကြိတ်သွားခဲ့ကြကာ သူတို့နောက်မှ ပြေးလိုက်လာသူများကို ၎င်းတို့အား ဆက်၍ပြေးလိုက်လာစေလိုက်လေသည်။
မကြာခင်မှာပင် သူတို့သည် လင်ချန်းအကျဉ်းထောင်ကို အဝေးကမြင်ရပြီး ကားနှစ်စီးကို ဖုတ်ကောင် 20 သို့မဟုတ် 30 လောက်က လိုက်လာနေခဲ့လေသည်။ အဝေးမှနေဆိုလျှင် ဖုတ်ကောင်များ လိုက်ဖမ်းခံနေပုံရလေသည်။
လင်ချန်းအကျဉ်းထောင်၏ အစွန်အဖျားတွင် မြင့်မားသောနံရံများ ရှိနေသည်။ ကင်းမျှော်စင်ပေါ်တွင် ရပ်နေသော ကင်းစောင့်သည် နှင်းခရူဇာနှင့် SUV ကားကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်နိုင်လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...