My Cherry Will Explode in the Apocalypse
Chapter 71《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクကလေးမလေးသည် ငယ်ရွယ်သော်လည်း ၀မ်ချန်းအခြေစိုက်စခန်းနှင့် အလွန်ရင်းနှီးကျွမ်း၀င်သူဖြစ်လေ၏။ သူတို့သည် သူမအား နေထိုင်စရာနေရာရှာချင်သည်ဟု ပြောလိုက်သောကြောင့် သူမသည် သူတို့အား ဟိုတယ်တစ်ခုဆီသို့ ချက်ချင်းခေါ်သွားလေသည်။ ဤဟိုတယ်သည် ကမ္ဘာ့အဆုံးသတ်ချိန်မတိုင်ခင်က လူနေအဆောက်အအုံတစ်ခုဖြစ်ခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခြေအနေများသည် အလွန်ကောင်းမွန်နေခြင်းမဟုတ်သော်လည်း သူတို့နေထိုင်နိုင်ကြသေးသည်။ ပစ္စည်းများပေးချေနေသရွေ့ ထိုနေရာတွင် နေထိုင်နိုင်လေသည်။
သူတို့သည် လူဦးရေ 100 ထက်နည်းပြီး အခန်း 20 ကျော်ကို တောင်းဆိုခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင်သည် ကျန့်ယွင်၏စွမ်းအားရှင် အဆောင်အယောင်ကိုမြင်ပြီးနောက် လျှော့စျေးပေးရန် အဆိုပြုခဲ့သည်။ သို့သော်လည်း သူတို့သည် တစ်ပတ်စာလျှင် အစားအစာ 80ဂျင်းကျော်ကို ပေးဆောင်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။ ယခင်ကအတိုင်းပင်
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေရာထိုင်ခင်းအတွက် ပေးချေရန် အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် အဖွဲ့သည် ၀မ်ချန်းတွင်အခြေချနေထိုင်ခဲ့ကြသည်။သဘောတူညီချက်အတိုင်း ကလေးမလေးအား ဘီစကွတ်ထုပ် တစ်ဝက်ပေးသင့်သော်လည်း စုရွေ့ကျယ်သည် ကြင်နာစွာဖြင့် သူမကို တစ်ထုပ်လုံး ပေးလိုက်လေသည်။ ကလေးမလေးသည် ဘီစကစ်ကို သူမ၏လက်များကြားထဲတွင် ဂရုတစိုက်ဖုံးကွယ်ထားလေ၏။ သူမလေးသည် ချိုမြိန်စွာ ကျေးဇူးတင်စကားဆိုပြီးနောက် ဆန်ခိုးသွားသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားခဲ့လေသည်။
နောက်တစ်ဆင့်သည် မြေဆီလွှာမဲ့စိုက်ပျိုးရေးနည်းပညာကို လေ့လာဆွေးနွေးဖို့ရန် ၀မ်ချန်းအခြေစိုက်စခန်းတာဝန်ခံကို ရှာတွေ့ဖို့ရန်ဖြစ်သည်။ သို့သော်လည်း နေရာနှင့် ရင်းနှီးကျွမ်း၀င်ခြင်းမရှိကြသောအခါ လူရှာရန်သူတို့အတွက်ခက်ခဲလေသည်။ ကွမ်းဟုန်သည် ၀မ်ချန်းမြို့စောင့်တပ်ကိုရှာရန် လူတော်တော်များများကို ခေါ်ဆောင်သွာစခဲ့လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...