My Cherry Will Explode in the Apocalypse
Chapter 34
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク【 Unicode 】
ကံဆိုးလှသောလူနှင့် ကြွက်သားများနှင့်လူတို့၏အုပ်စုသည် အရိုက်ခံကြရပြီးနောက် ကျန့်ကျားဟယ်သည် သူတို့အား အမှိုက်များကဲ့သို့ ဗီလာအပြင်ဘက်သို့ ပစ်ထုတ်လိုက်ကာ သူတို့၏ရုန့်ရင်းကြမ်းတမ်းသောစကားလုံးများကို လျစ်လျူရှုလိုက်ကြသည်။ အကယ်၍ သူတို့သာ အရင်လိုပဲ နောက်တစ်ကြိမ်ပေါ်လာရဲသေးပါက သူတို့ ၎င်းတို့အား သင်ခန်းစာတစ်ခုပေးရလိမ့်မည်။
ဒဏ်ရာများသည် အလွန်ဆိုးရွားကြသဖြင့် သူတို့သည် ဒဏ်ရာများကို ဖုံးကွယ်ဖာထေးကြပြီး သူတို့အချင်းချင်းကူညီကာ တ်နိုင်သမျှ မြန်မြန်ထွက်သွားကြလေသည်။
သို့သော်လည်း စုရွေ့ကျယ်သည် ကျန့်ယွင်သူတို့အားဖြေရှင်းလိုက်သည့်နည်းကို သဘောမတူချေ။ မတိုင်ခင်က ကမ္ဘာ့အဆုံးသတ်အချိန်တုန်းက သူအမှန်တကယ်ကို အတွေ့အကြုံရှိပြီး လူသားများ၏ အတွင်းစိတ်အန္တရာယ်ကို အလွန်ကို နားလည်သဘောပေါက်နေခဲ့ပြီဖြစ်သည်။ ထိုမတည်မငြိမ်သေးသော အချက်များအတွက်မူ ပညာပေးခြင်းကသာ သူတို့နှင့်ဖြေရှင်းရန် အသင့်လျော်ဆုံးနည်းလမ်းဖြစ်လိမ့်မည်။ သိုသော်လည်းကမ္ဘာပျက်ကပ်ကြီးစတင်ခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ ကျန့်ယွင်နှင့်တခြားလူများသည် သူတွင်ရှိသကဲ့သို့ တူညီသည့်အတွေ့အကြုံမျိုးမရှိကြသေးချေ။ သူတို့၏ မူလကိုယ်ကျင့်တရားအောက်ခြေလိုင်းကို လွယ်လွယ်ကူကူချိုးဖျက်ပြီး လူများကို သတ်ရန်ဆန္ဒရှိလိမ့်မည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ယခုအခါတွင် သူသည် စွမရည်များကို အကြိုဆုပ်ကိုင်ထားပြီးဖြစ်သည်။ အကယ်၍ ထိုလူများမျက်စိကန်းပြီး ပြဿနာထဲသို့နောက်တစ်ကြိမ်လာရှာချင်ပါက သူ သူတို့လမ်းပေါ်တွင် ချယ်ရီဗုံးထားလိုက်မည်။
ဗီလာ၏တံခါးကို သော့ဖြင့်လှည့်ဖွင့်ပြီး လူအုပ်စုသည် အထဲသို့ ၀င်သွားလိုက်ကြသည်။
ဗီလာထဲတွင် အခန်းအများကြီးမရှိပေ။ ထို့အပြင် ယခုသူတို့သည် နောက်ထပ် လူသုံးယောက်ပိုလာပြီဖြစ်သည်။ အိပ်ဖို့အစီအစဉ်နေရာကို ညှိနှိုင်းကြရမည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...