My Cherry Will Explode in the Apocalypse
Chapter 96《 အကူအညီတောင်းခံခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタクစုရွေ့ကျယ်နှင့်ကျန့်ယွင်တို့ ပြန်သွားကြပြီးနောက် ကျန့်ကျားဟယ်နှင့် အဖွဲ့သားများကို နေရာလွတ်အတွင်းသို့ အလုပ်ရှုပ်စေရန် ခေါ်ဆောင်သွားခဲ့ကြလေသည်။ စုရွေ့ကျယ်၏ နေရာလွတ်ထဲရှိ သီးနှံများသည် အထူးဂရုမစိုက်စရာမလိုဘဲ အလိုအလျောက်ကြီးထားနိုင်သော်လည်း အလိုအလျောက် မရိတ်သိမ်းနိုင်ကြချေ။
နောက်ဆုံးအချိန်တုန်းက ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် အခြေစိုက်စခန်းသို့ ရိက္ခာပို့ပေးရန် တစ်နေကုန် အလုပ်များနေခဲ့ကြရသည်။ နောက်ပိုင်းတွင် ဖြောင့်ဖြောင့်ရပ်၍ပင် မရတော့ချေ။ ယခု နေရာလွတ်သည် နှစ်ဆတိုးလာပြီဖြစ်ကာ ပိုများသောစားနပ်ရိက္ခာများ ရိတ်သိမ်းရန် လိုအပ်လာလေသည်။ သူတို့သည် အခြားသူများကို အလုပ်များရအောင် ဆွဲခေါ်ခဲ့ကြလေသည်။
ထိုလူများသည် နေရာလွတ်ထဲတွင် တစ်နေကုန် ချွေးများရွှဲနေကြလေသည်။ နောက်ဆုံး၌ စပါးအားလုံးကို စုဆောင်းပြီး တလင်းပြင်နေရာတွင် စုပုံထားခဲ့ကြလေသည်။ နောက်တစ်နေ့တွင် သူတို့သည် တပ်ခွဲမှူးကျန်း သတ်မှတ်ထားသော စပါးကျီထဲသို့ စပါးများကို တိုက်ရိုက်သွန်းလောင်းခဲ့ကြလေသည်။
တပ်ခွဲမှူးကျန်းသည် လွတ်နေသောစပါးကျီကြီး ချက်ခြင်းပြည့်သွားသည်ကို စောင့်ကြည့်နေခဲ့လေသည်။ သူဘာပြောရမှန်းမသိတော့လောက်အောင် စိတ်လှုပ်ရှားသွားလေကာ စုရွေ့ကျယ်၏လက်ကို ကိုင်ကာ ကျေးဇူးတင်စကားဆိုခဲ့လေသည်။
စုရွေ့ကျယ်၏နေရာလွတ်ထဲတွင် သီးနှံများ လျင်မြန်စွာ ကြီးထွားပြီး အထွက်နှုန်းများပြားကာ ပြင်ပရာသီဥတုဒဏ်ကြောင့် သက်ရောက်မှုမရှိခဲ့ချေ။ လတစ်၀က်၌ စပါးသစ်တစ်သုတ် ရိတ်သိမ်းနိုင်ခဲ့ပြီး အခြေစိုက်စခန်းအပေါ် ဖိအားကို အတော်လေးသက်သာစေသည်ဟု ဆိုနိုင်သည်။
ယခုအချိန်တွင် စုရွေ့ကျယ်သည် ကျန်းရွှီကျိုးနှင့် တပ်ခွဲမှုးကျန်းတို့၏အမြင်တွင် လမ်းလျှောက်နေသောရတနာအိမ်တစ်ခုနီးပါးဖြစ်လေသည်။ ကျန်းရွှီကျိုးသည် သူတို့အတွက် ပိုမိုလုံခြုံသောနေထိုင်ရာသို့ပြောင်းရွှေ့ကြရန် အဆိုပြုခဲ့ပြီး အခြေစိုက်စခန်းဌာနချုပ်ထဲတွင်နေထိုင်ခြင်းက ပိုကောင်းသော်လည်း ကျန့်ယွင်နှင့် အခြားသူများသည် ငြင်းဆိုခဲ့ကြလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...