My Cherry Will Explode in the Apocalypse
Chapter 17
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
ကျန်ရှိနေသည့်အချိန်များသည်လည်း အလျင်အမြန်ကုန်ဆုံးသွားကြသည်။ ကျန့်ယွင်သည် သူ့ဈေး၀ယ်ရေးအစီအစဉ်အားစတင်ခဲ့သည်။ သူသည် စုရွေ့ကျယ်ကဲ့သို့ ပစ္စည်းများအား ခဏခဏ မ၀ယ်ခဲ့ပေ။ သူသည် လျှို့ဝှက်ရဲတစ်ယောက်သာဖြစ်သော်လည်း သူ့မိသားစုအခြေအနေသည် အမှန်တကယ်တော့ အတော်လေးကောင်းမွန်လှ၏။ ဘဏ်အပ်ငွေတွင် ဂဏန်းခုနစ်လုံးအထိရှိနေပြီဖြစ်သည်။
သူသည် အွန်လိုင်းဈေး၀ယ်ကုန်တိုက်မှတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းအကြောင်းမှတဆင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်မှုမှ နေ့စဉ်လိုအပ်သည့် ကြီးမားသည့်ပမာဏ လက်ကားဈေးနှုန်းအကြောင်းပြောဆိုနေကြကာ သူ့၀ယ်ယူမှုပမာဏသည် စူပါမားကတ်အသေးတစ်ခုဖွင့်နိုင်လောက်သည်အထိဖြစ်သည်ကို ရှာတွေ့ခဲ့သည်။
ကျန့်ယွင်သည် စုရွေ့ကျယ်၏ ပိုက်ဆံနည်းနည်းလေးကိုသဘောမကျပေ။ ထို့ကြောင့် သူ့အပြင်ထွက်ကာ ဆိုင်ဖွင့်ရန်ခွင့်မပြုနိုင်ချေ။ စုရွေ့ကျယ်သည် ဈေးဆိုင်နောက်ဆုံးရက်ကိုခင်းခဲ့ပြီး သူ့မိသားစုတွင် သူစိုက်ပျိုးထားသည်များကုန်ရောင်းကုန်လုနီးပါဖြစ်နေကာ အနာဂါတ်တွင်ဆိုင်ဖွင့်နိုင်လိမ့်မည်မဟုတ်ကြောင်း မကြာခဏဆိုသလို သူ့စီးပွားရေးအား ထောက်ပံ့အားပေးကြသော အဒေါ်များနှင့် အမေများကို ပြောပြခဲ့ရသည်။ တချိန်တည်းမှာပင် သူတို့အား သဲလွန်စမချန်ထားပဲ မိုးလေ၀သဗျူရို ရှိသူ့သူငယ်ချင်းထံမှရခဲ့သောသတင်းဆိုကာ သတိပေးခဲ့လိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် မြင့်မားသော အပူချိန်သည် 40 ဒီဂရီကျော်အထိရှိလာနိုင်ပြီး ထို့ကြောင့် သူတို့အိမ်တွင် အစားအစာများကြိုတင်ပြင်ဆင်ထားနိုင်ပြီး နွေရာသီနေပူပူထဲတွင် ထွက်၀ယ်စရာမလိုတော့ပေ။
【T/N : သဘောမကျဘူးဆိုတာ မမက်တာကိုပြောတာ။ ပိုက်ဆံနည်းနည်းလေးအတွက် ရှောင်ကျယ်ကိုအလုပ်ပင်ပင်ပန်းပန်းမလုပ်စေချင်တဲ့သဘောပါ။ 】

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...