“ရှောင်ကျယ်..ဖြိုဖျက်ရေးက လူအရေအတွက်အလိုက် ခွဲဝေပေးမယ်လို့ပြောခဲ့တယ်။ မင်းရဲ့ ၀မ်းကွဲအစ်ကိုနဲ့မရီးကို အိမ်ထောင်စုစာရင်းထဲ အတူပြောင်းပေးနိုင်မလား? မင်းမြင်တဲ့အတိုင်း မင်းလည်းပိုက်ဆံအရမ်းလိုနေတာပဲ။ နောက်ထပ်လူသုံးယောက်ပဲလေ မင်းထပ်ထည့်နိုင်မလား? ”
ထိုစကားကိုကြားပြီး စုရွေ့ကျယ်၏နှလုံးခုန်သံတောင် တစ်ချက်လွတ်သွားကာ တိတ်တိတ်လေးမေးလိုက်၏။
“အကြီးဆုံးအဒေါ် ဘာကိုဆိုလိုချင်တာလဲ? ”
“မင်းသိတဲ့အတိုင်း...အကယ်၍ အားချန်နဲ့ လင်ရှီးရဲ့ အိမ်ထောင်စုကိုလည်း ပြောင်းထည့်လိုက်မယ်ဆိုရင် အဲ့မှာ လေးယောက်ရှိသွားပြီး တစ်ယောက်ကို 300,000 နဲ့ဆို စုစုပေါင်း 1.2သန်းရလိမ့်မယ်လေ။ အဲ့အချိန်ကျရင် အားချန်က မင်းကိုအခွင့်ကောင်းယူထားလို့ မင်းက ဖြိုဖျက်ကြေးရဲ့တစ်၀က်ကိုယူနိုင်တယ်။ မင်းဘယ်လိုထင်လဲ? ”
တစ်၀က်လား? ဒါဆို 600,000 ဖြစ်မှာပေါ့? ဘယ်လိုအံ့အားသင့်စရာကြီးလဲ!
ယွမ် 600,000နဲ့သာဆို နောက်ထပ်ပစ္စည်းတွေဘယ်လောက်တောင် ပို၀ယ်နိုင်လိမ့်မလဲ? စုရွေ့ကျယ် မရယ်မိအောင် သူ့ကိုယ်သူအကောင်းဆုံးထိန်းချုပ်ထားလိုက်ရလေ၏။
ချန်ဟွေ့ကျန်းက စုရွေ့ကျယ် ရင်ထဲက စိတ်လှုပ်ရှားမှုကို ဘယ်လိုသိနိုင်ပါ့မလဲ? သူမသည် စုရွေ့ကျယ်၏မျက်နှာအားတချိန်လုံးကြည့်နေပြီး သူဆန္ဒမရှိမည်ကိုစိုးရိမ်၍ မီးစာထပ်ထည့်ရန် အလျင်လိုနေ၏။
“မင်းမြင်တဲ့အတိုင်း အိမ်ဟောင်းက အဖြိုဖျက်ခံလိုက်ရမှာ။ မင်းမှာလည်း နေစရာနေရာတစ်ခုမရှိဘူးလေ။ ကျောင်းအိပ်ဆောင်ကလည်း ပြဿတွေကိုယာယီဖြေရှင်းပေးနိုင်ပေမယ့် ကျောင်းပိတ်ရက်တွေကရှိသေးတယ်လေ။ အိုက်ယား..ဖြိုဖျက်ကြေးကိုယူပြီး အိမ်သေးသေးတစ်လုံး၀ယ်လိုက်တာက ပိုကောင်းတယ်။ ပြီးရင် မင်းအမြဲနေနိုင်တဲ့ အိမ်တစ်လုံးဖြစ်လာလိမ့်မယ်လေ။ မဟုတ်ဘူးလား? ”
စုရွေ့ကျယ် ပြင်းပြင်းထန်ထန်ရုန်းကန်နေရတဲ့ပုံ ဟန်ဆောင်လိုက်ပြီး အတော်လေးကြာမှ ခေါင်းငြိတ်လိုက်လေ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ?《???????????》
Start from the beginning