တစ်ဆက်တည်းပင် စုန့်ချန်ရှုသည် ဆားရည်နှစ်ထုပ်ကိုထုတ်လိုက်ကာ ယောင်ယမ်းမှုသက်သာစေသောဆေးများထည့်လိုက်ပြီး ကျန့်ယွင်၏အကြောထဲသို့သွင်းပေးလိုက်၏။
“ဒဏ်ရာက ခင်ဗျားအတွက် အရေးကြီးတယ်။ ဒဏ်ရာကအတော်လေးကြီးလို့ ကျွန်တော်အဲ့ဒါကိုချုပ်ထားပေးပေမယ့် အချိန်တိုအတွင်းလှုပ်ရှားဖို့တော့ အကြံမပေးဘူး ”
စုန့်ချန်ရှုစကားပြောလို့ပြီးသွားချိန်တွင် စုရွေ့ကျယ်အားကြည့်လိုက်ပြီး တောင်းပန်စကားဆိုလိုက်၏။
“မင်းကိုဒုက္ခပေးမိမလားမသိပေမယ့် သူ့ကိုမင်းအိမ်မှာ ရက်နည်းနည်းလောက်နေခွင့်ပြုလို့ရမလား? ”
တကယ်တော့ သူ့ပါးစပ်ကိုအခုလိုဖွင့်ပြောဖို့အတော်လေးရှက်နေမိ၏။ စုရွေ့ကျယ် မိသားစုအခြေအနေအတော်လေးမကောင်းကြောင်း တစ်ချက်လေးကြည့်လိုက်ရုံနှင့်သိနိုင်၏။ သူ့မိသားစု၀င်တွေက ဒီအကြောင်းမပြောခဲ့ပေမယ့် သူ့ကံကအတော်လေးဆိုးလှ၏။ သူက အခုမှ ဆယ်ကျော်သက်အရွယ်တစ်၀က်လောက်ပဲရှိသေးသော်လည်း သူ့အားစောင့်ရှောက်ရန် မိသားစု၀င်တစ်ယောက်မှမရှိတော့ပေ။ အကယ်၍ကျန့်ယွင်နေမည်ဆိုလျှင် ဒဏ်ရာအားပြုစုစောင့်ရှောက်ပေးရန်တာ၀န်သည် စုရွေ့ကျယ်အပေါ်၌သာ လုံးလုံးလျားလျား ကျရောက်လာတော့မည်ဖြစ်သည်။
သို့သော်လည်း စုန့်ချန်ရှုတွင် အခြားရွေးချယ်စရာမရှိပေ။ ပထမဆုံးအချက်၊ ကျန့်ယွင်၏ထိခိုက်ဒဏ်ရာသည် လှုပ်ရှားမှုတစ်ခုခုလုပ်ရန်အမှန်တကယ်ကိုလုံး၀မသင့်လျော်ပေ။ ဒုတိယအချက်၊ သူ့အချက်အလက်သည် ဖုံးကွယ်ထားပြီး သူဘာကြောင့်ရုတ်တရက် ဖော်ထုတ်ခံလိုက်ရသည်ကိုမသိရသေးပေ။ အတွင်းလူကြောင့်လား မဟုတ်ဘူးလား မသေချာသေးပေ။ မာဖီးယားအဖွဲ့များသည် ကျန့်ယွင်၏အချက်အလက်များဖော်ထုတ်လိုက်ပြီး လှုပ်ရှားမှုများ အဆက်မပြတ်စတင်လာကြ၏။ ကျန့်ယွင်သည် ဖော်ထုတ်မပြနိုင်သော အဖြူအမဲ အခြေအနေတွင်ကျရောက်နေပြီး ဤကိစ္စနှင့်မသက်ဆိုင်သော စုရွေ့ကျယ်၏အိမ်တွင်နေထိုင်သည်က ပို၍အန္တရာယ်ကင်းပေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ? 《????????? ?????????????》
Start from the beginning