抖阴社区

??????? ? 《????????? ?????????????》

Start from the beginning
                                    

ပြော‌နေသည့်အကြောင်းကို ကြားလိုက်ရပြီး ကျန့်ယွင် မျက်မှောင်သာသာကြုတ်မိ၏။ သူ့ကိုယ်ပိုင်ကိစ္စများကြောင့်နှင့် အပြစ်မရှိသောလူများအား မထိခိုက်စေလိုပေ။ မဖြစ်ဘူးဟု သူပြောလိုက်ချင်သော်လည်း စုရွေ့ကျယ်၏ “ကောင်းပြီ” ဆိုသော ပြတ်ပြတ်သားသားအသံဖြင့် အမြန်‌ပြန်ဖြေသံကို ကြားလိုက်ရ၏။

စုန့်ချန်ရှု၏တောင်းဆိုမှုသည် စုရွေ့ကျယ်၏နှလုံးသားထဲရှိဆန္ဒဖြစ်နေမည်ကို သူတို့ဘယ်လိုသိပါ့မလဲ? သူ ကျန့်ယွင့်နှင့်နီးစပ်ဖို့ရန်အခွင့်အရေးမရှိမည်ကို စိုးရိမ်နေရပြီး အခုတော့ ကောင်းကင်ကနေ ကြီးမားတဲ့ပိုင်မုန့်ကြီးတစ်ခုကျလာပြီလေ !

ပြင်းပြင်းထန်ထန်သာကြိုးစား မဟုတ်ရင် မင်းပိုင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး!

စုရွေ့ကျယ် မရယ်မိစေရန် သူ့ပေါင်အားအပြင်းအထန်ဆိတ်ထားရ၏။

【T/N ; ရယ်နေပါပြီ ကလေးစုတ်လေးရယ် ಥ‿ಥ】

စုန်ချန်ရှု ထိုအကြောင်းနှင့်ပတ်သတ်ပြီး အများကြီးမတွေးခဲ့ပေ။ သူ ဤလူငယ်လေးက အတော်လေးရိုးရှင်းပြီး ကြင်နာတတ်သည်ဟုပင်တွေးခဲ့ပြီး သူ့အားကျေးဇူးတင်စွာ ပြုံးပြလိုက်၏။

“မင်းအေးအေးဆေးဆေးနေလို့ရတယ်။ ကျန့်ယွင်မှာပိုက်ဆံရှိတယ်။ ကုသနေတဲ့အတောအတွင်း ကုန်ကျစားရိတ်တွေအကုန်သူပေးလိမ့်မယ် ”

စုန့်ချန်ရှု ကျန့်ယွင်အားရယ်နေ‌သော်လည်း ထိုစကားတွင် ဆိုလိုချင်သည့် အဓိပ္ပါယ်တချို့ရှိနေ၏။ သူတို့ကလေးတစ်ယောက်ဆီကနေ အခွင့်အရေးယူလို့မဖြစ်ပေ။ သူနေ့တိုင်း အသီးအရွက်များရောင်းကာ ပိုက်ဆံရှာရကြောင်း သူကြားခဲ့ရပြီး ထိုအကြောင်း သူနားထောင်ဖို့ရန် မလွယ်ကူခဲ့ပေ။ အကယ်၍ သူကူညီနိုင်ပါက ကူညီပေးလိမ့်မည်ပင်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော့မှာပိုက်ဆံရှိပါတယ် ”

စု‌ရွေ့ကျယ် မဟုတ်ဘူးဟုပြောရန် သူ့လက်များကိုပင် ဝှေ့ယမ်းလိုက်၏။

ပထမဆုံး ကျန့်ယွင်သူ့သူငယ်ချင်း၏မျက်လုံးများအားကြည့်လိုက်ပြီးနောက် စုရွေ့ကျယ်အား အကူအညီမဲ့စွာ ကြည့်လိုက်ပြီး

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now