抖阴社区

??????? ? 《????????? ?????????????》

Start from the beginning
                                    

【T/N ; ဘာမြင်သွားသလဲမှမသိတာ တို့လည်းကြည့်ချင်တာပေါ့ ပြအုံး ಥ‿ಥ 】

အကုန်ပြီးစီးသွားသောအခါ ညလယ်ခေါင်ပင်ရောက်လုနီးနေပြီဖြစ်၏။ အနားယူရမည့်အချိန်ပင်...
ယခု စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့ လူနှစ်ဦးသာကျန်ခဲ့ပြီး အခန်းထဲတွင် အိပ်ယာကလည်းတစ်ခုတည်းပင်ရှိ၏။

အဲ့ဒါမှ တကယ့်ပြဿနာကြီး ....

သူ ကျန့်ယွင်နဲ့ အိပ်ယာပေါ်မှာ ပူးကပ်ချင်နေတာမျိုးလား?

စုရွေ့ကျယ်မလုပ်ရဲပေ! သူအလွန်စိတ်လှုပ်ရှားနေပြီ သူ့မြင်းခြေထောက်ကိုဖော်ပြမိလိုက်မည်ကို ကြောက်နေသည်။

《A/N ; His horse's feet ဆိုတာက သူ့ကိုယ်သူဖော်ပြလိုက်မိ တာမျိုးကိုဆိုလိုတာပါ။ 》

【T/N ; ကလေးက ကိုကို့‌အပေါ်ခံစားချက်တွေကို ဖော်ပြလိုက်မိမှာစိုးရိမ်နေတာပေါ့ကွာ။ ပြောချင်တာက အတူအိပ်ရင် ဘာဘာညာညာတုန့်ပြန်မှုတွေဖြစ်လာလိမ့်မယ် အဲ့လို အဲ့လို →_→】

သူ့အတွက်ကတော့ ကျန့်ယွင်က သူ့အရင်ဘ၀မှာ ချစ်ခဲ့ရတဲ့လူတစ်ယောက်ဖြစ်ပြီး သူ့အတွက် အရမ်းအရေးကြီးတဲ့လူတစ်ယောက်ပဲ။ သို့သော်လည်း လက်ရှိကျန့်ယွင်က သူနဲ့ဆို သူစိမ်းတစ်ယောက်ပဲလေ။ ကျန့်ယွင်‌သူ့အပေါ်မှာ မကောင်းတဲ့နားလည်မှုလွဲခြင်းတွေ သူမလိုချင်ပေ။

ဒီကိစ္စမှာ သူကြမ်းပေါ်မှာအိပ်တာကပိုကောင်းပေမည်။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက ပူပြီးရင်း ပူလာနေပြီး ဘီရိုထဲမှာ အဖိုးရဲ့ဖျာတစ်ခုရှိကြောင်းသူသတိရသည်။

စုရွေ့ကျယ်ဖျာရှာရန် ပြန်လှည့်သွားသောအခါ ကျန့်ယွင်သူ့ရည်ရွယ်ချက်ကိုသတိထားမိပြီး အကူအညီမဲ့စွာဖြင့် သူ့ခေါင်းကိုခါကာ ပြောလိုက်၏။

“အလုပ်ရှုပ်မနေပါ‌နဲ့တော့။ မင်းဘာလို့လာပြီး ငါတို့အတူမအိပ်ရတာလဲ? အိပ်ယာက အတော်လေးကြီးနေပါသေးတယ်”

“အာ့..? ”

စုရွေ့ကျယ် သူ့ခေါင်းအား တအံ့တဩဖြင့်လှည့်ကြည့်လိုက်၏။

“လာခဲ့”

သူ့မျက်နှာပေါ်ကအမူအရာမဲ့နေမှုအားတွေ့လိုက်သောအခါ သူတုန့်ဆိုင်းနေသောအမူအရာဖြင့်နောက်တစ်ခါကြည့်လိုက်ပြီး ချက်ချင်းပင် ထပ်ပြောလိုက်၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now