抖阴社区

??????? ??《?????????????????????????????????????》

Start from the beginning
                                    

ကျန့်ယွင်သည် ရုတ်တရက်စာကြောင်းတစ်ခုကိုသတိရသွား၏။

« အကယ်၍ ယောကျ်ားတစ်ယောက်ရဲ့နှလုံးသားကို ဆုပ်ကိုင်လိုပါက ထိုယောက်ျား၏အစာအိမ်ကိုအရင်ဆုံးသိမ်းသွင်းလိုက်ပါ  »

ကျန့်ယွင်သည် စုရွေ့ကျယ်က သူ့နှလုံးသားနှင့်အစာအိမ်အား သိမ်းသွင်းထားလိုက်ပြီးဖြစ်သည်ဟု ခံစားခဲ့ရသည်။

စုရွေ့ကျယ်သည် တံခါးခေါက်သံရုတ်တရက်ထွက်လာချိန်တွင် သူ့ပန်းကန်ကိုသန့်ရှင်းနေခဲ့သည်။ စူပါမားကတ်မှလူများ အိမ်သုံးပစ္စည်းများလာပို့ခြင်းဖြစ်လေသည်။ ပစ္စည်းများကို အိမ်ထိပို့ပေးလာသည့်အပြင် ၀န်ထမ်းများသည် သူတို့အားတပ်ဆင်ပေးခဲ့လေသည်။ ၀န်ဆောင်မှုသည် အလွန်နေကျကျသည်ဟု ပြောနိုင်သည်။

လေအေးပေးစက်နှင့် အ၀တ်လျှော်စက်ကို တပ်ဆင်ပြီးနောက် ချက်ချင်းအသုံးပြုနိုင်သော်လည်း TVကိုတော့ မသုံးနိုင်ပေ။ စုရွေ့ကျယ်၏အိမ်တွင် TVချိတ်ဆက်ရန် ကေဘယ်လ်ကြိုးမရှိပေ။ အရင်တုန်းက သူ့အဖိုးနှင့်အတူ သူ့အပန်းဖြေချိန်သည် ခေတ်ဟောင်းရေဒီယိုတစ်လုံးသာဖြစ်ခဲ့သည်။

ဖန်သားပြင်တစ်ခုလုံးပေါ်ရှိ နှင်းပွင့်ချပ်လေးများကိုကြည့်နေရင်း စုရွေ့ကျယ်သည် ခေါင်းကုတ်လိုက်ကာ ရှက်ကိုးရှက်ကန်းနှင့် တိုးတိုးလေးပြောလိုက်၏။

【T/N ; နှင်းပွင့်ချပ်လေးတွေဆိုတာ ❄️ ဒါမျိုးပုံလေးတွေကိုပြောချင်တာပါ 】

“နောက်ပိုင်း ကျွန်တော်အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို ကေဘယ်လ် TV ဆင်ပေးဖို့ခေါ်လာလိုက်မယ် ”

“မလိုပါဘူး ”

ကျန့်ယွင်သည် သူ့လက်ကို ညင်သာစွာ ယမ်းလိုက်ပြီး သူ့ဖုန်းကိုယူကာ တယ်လီကွန်းလုပ်ငန်းဆီသို့ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။  ထို့ကြောင့် သူတို့ ဘရော့ဘန်း*နှင့် IPTV ကို သူတို့တံခါးအပြင်တွင်တပ်ဆင်ထားနိုင်သည်။ ဘရော့ဘန်းတပ်ဆင်သောအခါ IPTVသည် အခမဲ့ဖြစ်သည်။ သူငှားထားသောအိမ်တွင် IPTVနှင့် TVကြည့်ရန် အလွန်သင့်တော်သည်။ ထို့အပြင် စုရွေ့ကျယ်သည် ဤနေရာတွင် ဘရော့ဘန်းတစ်ခုမရှိပေ။ သူ့ဖုန်းဖြသ့် အင်တာနက်သုံးရန် သူ့အတွက် မသင့်တော်ပေ။ သူအိပ်ယာပေါ်တွင် အင်တာနက်သုံးနိုင်ရန် ဘရော့ဘန်းတစ်ခုတပ်ဆင်ကာ လပ်တော့ပ်ကွန်ပျူတာတစ်လုံး၀ယ်သင့်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now