抖阴社区

??????? ??《?????????????????????????????????????》

Start from the beginning
                                    

【T/N ; Broadband ကတော့ ကြိမ်နှုန်းတွေနဲ့ထုတ်လွှင့်ပေးနဲ့နည်းပညာပါတဲ့။ IPTV (Internet Protocol Television)ကတော့ ဘရော့ဘန်းကနေ ချန်နယ်တွေက‌နေ လွှင့်ပေးတာမျိုးပါတဲ့။
တကယ်တော့ရှင်းရှင်းနားလည်အောင်ပြောရရင် ဝိုင်ဖိုင်သုံးပြီး Netflixကြည့်တာမျိုးပေါ့ကွယ်။ အတိအကျတူတယ်လို့မဟုတ်ဘူးနော် သဘောပြောပြတာပါ (?・・)σ】

စုရွေ့ကျယ်သည် ပိုက်ဆံအတွက် နာကျင်မှုတချို့ရှိနေခဲ့သော်လည်း ကျန့်ယွင်ပျော်နေသ၍ အဆင်ပြေပါသည်ဟု တွေးခဲ့ပြီး အများကြီးမပြောတော့ပဲ ပန်းကန်များဆေးကြောရန်သာ တန်းသွားလိုက်သည်။

ပန်းကန်များကို ဆေးကြောပြီးနောက် ကျန့်ယွင်ဆေးသောက်နိုင်ရန် ရေတစ်ခွက် ထည့်ခဲ့လိုက်သည်။

“ရှောင်ကျယ် ကျောင်းစတက်‌ရတော့မယ်မဟုတ်လား? ”

ကျန့်ယွင်ရုတ်တရက်မေးလာ၏။

စုရွေ့ကျယ်သည် ကျန့်ယွင်ထိုအကြောင်းအား ရုတ်တရက်မေးလာမည်မဟုမမျှော်လင့်ထားခဲ့ပေ။ သူအနည်းငယ် ထိတ်လန့်သွားပြီး ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ ”

“ဘယ်အချိန်လဲ? မင်းရဲ့စာလေ့လာမှုကို မနှောင့်နှေးစေနဲ့”

“အိုး ...ကျွန်တော်သိပါပြီ ”

တကယ်တော့ သူကျောင်းစတက်ရမည့်နေသည် ဒီနေ့ဖြစ်၏။ သို့သော်လည်း သူကျောင်းကိုသွားပြီး ကျောင်းလခပေးရန်ရည်ရွယ်ချက်မရှိချေ။

အရင်ကျောင်းလခများသည် ဦးလေးနှင့်အဒေါ်တို့ပေးခဲ့ကြခြင်းဖြစ်သည်။ တကယ်တော့ မြို့မှာဆို တစ်နှစ်စာကျောင်းလခသည် ဈေးမကြီးပေ။ သို့သော်လည်း စားသောက်စားရိတ်၊ ကျူရှင်စားရိတ်၊ စာရေးကိရိယာဖိုး စသည့်ဖြင့်ထပ်ပေါင်းလျှင် ယွမ် 3000 နီးပါးရှိသည်။ ကျောင်းသွားဖို့ရန်သည်လည်း သူပိုက်ဆံရှာရမည့် သူ့အဖိုးတန်အချိန်ကိုဖြုန်းတီးခြင်းတစ်ခုပင်။ သူသင်ယူရသမျှသည် အကုန်လုံးအသုံးမ၀င်ချေ။ ကမ္ဘာကြီး၏အဆုံးသတ်ရောက်လာတော့မည်ကိုသိနေပြီး ကျောင်းသွားပြီး ပိုက်ဆံနှင့် အချိန်ဖြုန်းရန် သူဆန္ဒမရှိပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now