抖阴社区

??????? ??《?????????????????????????????????????》

Start from the beginning
                                    

“မင်းဒီနေ့ ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့မသွားဘူးလား?ကိစ္စမရှိပါဘူး။ မင်းဒီမှာ ငါနဲ့နေပေးစရာမလိုဘူး။ ငါတစ်ယောက်တည်းလုပ်နိုင်ပါတယ်။ ငါ့ဗိုက်ပဲနာနေတာပါ။ ငါ့လက်တွေခြေတွေကတော့ ကောင်းနေတုန်းပဲ ”

ဤအကြိမ်သည် ကျန့်ယွင်ဒဏ်ရာရသော ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ့တွင် ဒဏ်ရာများကုသခြင်းတွင် အလွန်ပေါများသောအတွေ့အကြုံရှိလေသည်။ သူ့မှာ TVနှင့် ကွန်ပျူတာရှိနေပြီး သူပျင်းနေမှာကို မစိုးရိမ်ပေ။

ကျန့်ယွင်‌သူ့ကို ပြောလိုက်သောအခါ စုရွေ့ကျယ်၏ နှလုံးသားလေးသည် စည်းချက်တစ်ချက်ပင်‌ချော်သွားရတော့၏။ အခုကတော့ သူပိုက်ဆံမြန်မြန်ရှာရမည်ဖြစ်သည်။ ပြင်ဆင်ထားဖို့အတွက် ပစ္စည်းတွေအများကြီး လိုနေသေးတယ်....

“ဒါဆို.. ကျွန်တော်အပြင်သွားလို့ရလား ?”

“အမ်း”

ကျန့်ယွင် မမေးမြန်ခင် သဘောတူလိုက်၏။

“မင်းစားသောက်ဆိုင်ကိုအရင်ဆုံးသွားရမှာ ဟုတ်တယ်မလား? ပိုက်ဆံကောအလုံအလောက်ရှိရဲ့လား? ငါမင်းကိုတချို့လောက်ပေးရမလား? ”

“အာ? ”

“ဟားဟား...မင်းငါ့ကိုငတုံးလို့ထင်နေတာလား? ချယ်ရီပင်တွေက ကြီးထားဖို့ခက်ခဲတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်လေ။ မင်းဘယ်လိုလုပ် ချယ်ရီသီးတွေကို အဲ့လောက်ကြီးကြီးကောင်းအောင်စိုက်နိုင်မှာလဲ? မင်းရဲ့အိမ်က ချယ်ရီဥယျာဉ်ခြံလည်းမဟုတ်ဘူး”

စုရွေ့ကျယ်၏ ကြောင်တောင်တောင်ရယ်စရာအမူအရာလေးကိုကြည့်လိုက်ပြီး ကျန့်ယွင် ရွှင်မြူးလျက် ခေါင်းခါလိုက်၏။

“အဲ့ဒါတွေက တစ်နေရာကနေ ရတာ,ဟုတ်တယ်မလား? အဲ့လိုကောင်းမွန်တဲ့ချယ်ရီသီးတွေကို မင်းဈေးပိုရောင်းပြီး တစ်ယောက်ယောက်က ၀ယ်ခဲ့တာ”

“ဟမ်...”

စုရွေ့ကျယ် နာနာခံခံနှင့် ဝန်ခံလိုက်ရုံသာရှိ၏။ သူထိုချယ်ရီသီးများနှင့်အခြားချယ်ရီသီးများကို သူကိုယ်တိုင်စိုက်ထားသည်ဆိုသည်မှာ အမှန်ကိုပြောနေခြင်းဖြစ်သည်။ သူတို့ကိုစိုက်ပျိုးကြီးထွားစေဖို့ အလွန်လွယ်ကူကာ သူ့စွမအားကအဆင်ပြေသောကြောင်ါသာလျှင်ဖြစ်သည်။ ယခုတော့ သူ့မြင်းခြေထောက်*ကို သူပြမိလျက်သားဖြစ်နေသည်ကိုသိလိုက်ရသည်။ ကံကောင်းစွာပင် သူကထိုအကောင်းအများကြီးမတွေးခဲ့ပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now