【A/N; အများအပြားဖော်ပြမိပြီး အမှန်တရားကိုထုတ်ပြခြင်းကိုဆိုလိုပါတယ်။ 】
စုရွေ့ကျယ်သည် အိမ်မှ အထိတ်တလန့်ဖြင့်ထွက်လာခဲ့သည်။ စုရွေ့ကျယ် သူ့ကျွမကျင်မှုအဟောင်းကိုပင်ထပ်သုံးလိုက်သည်။ သူရောင်းရန် အသီးအရွက်နှင့် သစ်သီး၀လံများအဆင်သင့်ရရန် လမ်းကြားထဲသို့သွားလိုက်ပြီး အရှေ့လမ်းရှိဟင်းသီးဟင်းရွက်ဈေးသို့ နောက်တစ်ကြိမ်သွားခဲ့သည်။
မမျှော်လင့်စွာပင် သူထွက်ပေါ်လာသည်နှင့် သူသည် လူအုပ်ကြီးထံမှ အဝိုင်းခံလိုက်ရ၏။
များစွာသော ရင်းနှီးသည့် အဒေါ်ကြီးများသည် စိုးရိမ်တကြီးဖြင့် သူ့ကိုဆွဲထားကြသည်။
“ကောင်ငယ်လေး, မင်းဒီမနက်က ဘာလို့မလာခဲ့တာလဲ? မင်းရဲ့အသီးအရွက်တွေက ရောင်းလို့ကုန်ခါနီးနေပြီလား? ”
ဤကလေး၏ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ ခန့်မှန်း ပမာဏသည် သိပ်မများလောက်ပေ။ ဒါကြောင့် ဒီပစ္စည်းကောင်းတွရဲ့အရည်အသွေးက ထိုကဲ့သို့သော နေ့စဉ် ကြီးမားလှသည့်ရောင်းအားကို ဘယ်ကနေခံနိုင်ရည်ရှိပါ့မလဲ?
စုရွေ့ကျယ်သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
“အဒေါ်, ကျွန်တော့်မိသားစုမှာ အများကြီးရှိနေပါသေးတယ်။ ခင်ဗျားစိတ်ချလို့ရပါတယ်။ အဲ့ဒါက ဒီမနက် ကျွန်တော့်အိမ်မှာ လုပ်စရာတချို့ရှိလို့ ကျွန်တော်မလာနိုင်ခဲ့တာပါ ”
“အဲ့ဒါကောင်းတယ် အဲ့ဒါကောင်းတယ် ”
ထိုမှသာ အဒေါ်ကြီးများနှင့် အမေများ၏သူတို့စိုးရိမ်မှုများကျသွားကာ သူတို့၀ယ်ချင်သည်များကို စတင်ရွေးကြတော့သည်။
စုရွေ့ကျယ်သည် ကျန့်ယွင်ပြောလိုက်သည်ကို ပြန်တွေးမိလိုက်သောအခါ ချယ်ရီသီးများ၏ဈေးနှုန်းကို တစ်ကီလိုလျှင် ဆယ့်ငါးယွမ်ဟု ဖော်ပြလိုက်သည်။ အကြောင်းပြချက်ကတော့ အိမ်တွင်ချယ်ရီသီးအများကြီးမကျန်တော့၍ဟူ၏။ လူများသည် နားထောင်ပြီးနောက် ချက်ချင်းပင် ဈေးနှုန်းကိုမနှစ်သက်တော့ပေ။ သူတို့၀ယ်နိုင်သလောက် ချယ်ရီသီးများ၀ယ်ချင်ကြသည်။ ဒီနေရာက ချယ်ရီသီးများအားလုံးကို ထုပ်ယူသွားလိုက်ချင်သည်။ သို့မဟုတ်လျှင် သူတို့အကုန်ရောင်းကုန်သွားပါက စားဖို့တတ်နိုင်တော့မည်မဟုတ်ပေ။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《?????????????????????????????????????》
Start from the beginning