抖阴社区

??????? ??《???????????????》

Start from the beginning
                                    

သူသည် သူ့အကြီးဆုံးအဒေါ်၏အရူးလုပ်ခြင်းခံရပြီး အစားအစာရှာဖွေဖို့ရန်အပြင်ထွက်ခဲ့ရသည်။ ရလဒ်အနေဖြင့် သူရုတ်တရက်ဇွန်ဘီတစ်ကောင်ကုတ်ဆွဲတာခံလိုက်ရပြီး သေလုနီးပါးဖြစ်ခဲ့ရ၏။ သူ့ကိုကယ်တင်ခဲ့သည်မှာ ကျန့်ယွင်ဖြစ်ခဲ့၏။ အကယ်၍လူတစ်ယောက်သည် လွန်ခဲ့သောလတစ်၀က်ခန့်က ဇွန်ဘီတစ်ကောင်ကုတ်ဆွဲခံရလျှင် သူ သို့မဟုတ် သူမသည်သန္ဓေပြောင်းလာပြီး တစ်စုံတစ်ယောက်အား ဗိုင်းရပ်စ်ကူးစက်စေမှုမှကာကွယ်ရန် ချက်ချင်းအသတ်ခံရလိမ့်မည်ဖြစ်သည်။ နောက်ပိုင်း၌ သူတို့ဇွန်ဘီကုတ်ဆွဲခံရလျှင်တောင် ကူစစက်ခံရခြင်းအပြင် လူသားများသည် ဗိုင်ရပ်စ်အားကျော်လွန်နိုင်ပြီး စွမ်းအားများလှုံ့ဆော်ပေးကာ စွမ်းအားရှင်များဖြစ်လာခဲ့ကြကြောင်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့်ကျန့်ယွင်သည် စုရွေ့ကျယ်ကိုပြန်ခေါ်သွားပြီးနောက် ထိုဖြစ်ရပ်ကို ‌ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ရလဒ်အနေဖြင့် စုရွေ့ကျယ်သည် ကံကောင်းခဲ့ပြီး စွမ်းရည်နှစ်မျိုးတွဲဖြစ်သည့် သစ်သားစွမ်းရည်နှင့် နေရာလွတ်စွမ်းရည်ရရှိခဲ့သည်။ ထိုအချိန်တုန်းက ကျန့်ယွင်သည် သူ့စွမ်းရည်ဖြင့် လူအယောက်တစ်ရာ၀န်ကျင်ခန့်နှင့် အဖွဲ့ငယ်လေးတစ်ခုဖွဲ့စည်းခဲ့ကာ စက်ရုံတစ်ခုထဲတင်တပ်စွဲထားခဲ့ကြသည်။ စက်ရုံ၏ ထူထဲလှသောသံမဏိတံခါးနှင့် မြင့်မားသောနံရံပေါတွင်မူတည်ပြီး လုံခြုံသောနေရာတစ်ခုဖြစ်ခဲ့သည်။ ကျန့်ယွင်သည် သူ့စွမ်းရည်များကိုအလွန်ကျေနပ်နေခဲ့ပြီး သူ့အဖွဲ့အား‌လာပေါင်းရန်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း စုရွေ့ကျယ်သည် သူ့ဦးလေးမိသားစု၏ လုံခြုံရေးကို စိတ်မချနိုင်သဖြင့် သူ့မိသားစုကိုပါခေါ်လာနိုင်ရန်တောင်းဆိုခဲ့သည်။ သူစိတ်အလွန်စိတ်မရှည်ခဲ့သော်လည်း ကျန့်ယွင်သဘောတူပေးခဲ့သည်။

ပထမဆုံးတွင် ကျန့်ယွင်၏အဖွဲ့အားလာပေါင်းနိုင်သဖြင့် ဦးလေး၏မိသားစုသည် အလွန်ပျော်နေခဲ့ကြသည်။ ထိုနေရာတွင် သူတို့ကိုကာကွယ်ပေးသောလူများစွာရှိပြီး နေ့တိုင်းအစားအသောက်များစားနိုင်ခဲ့ကြသည်။ သူတို့သေလောက်အောင် မ‌ပျော်သင့်ဘူးလား? သို့သာ် သိပ်မကြာခင်မှာပင် အစားအစာပြတ်လပ်မှုကြောင့် ကျန့်ယွင်သည် အစားအစာဖြန့်ဝေမှုစည်းမျဉ်းများကိုပြောင်းလိုက်ပြီး သူ့အဖွဲ့သည် ပျင်းရိမှီခိုသူများကိုဂရုမစိုက်ပေးတော့ကြောင်းရှင်းရှင်းလင်းလင်းလုပ်လိုက်သည်။ သာမာန်လူများသည်ပင် သေခြင်းတရားနှင့်တိုက်ပွဲ၀င်ရမည် သို့မဟုတ် အပြင်ထွက်ပြီး ပစ္စည်းများစုဆောင်းရမည် မဟုတ်လျှင် အစားအသောက်ခွဲဝေပေးခြင်းတွင် အစားအစာပေးလိမ့်မည်မဟုတ်ပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now