抖阴社区

??????? ??《????????????????????????????》

Start from the beginning
                                    

တရား၀င်အုပ်ထိန်းသူအတွက်မူ ဘယ်နေရာမှ ရှာမတွေ့တော့သဖြင့် အတူရှိသည်ဖြစ်‌စေ အတူမရှိသည်ဖြစ်စေ ကွာခြားမှုမရှိတော့ပေ။ သူမဘယ်နေရာမှာမှန်း တစ်ဦးတစ်ယောက်မှမသိကြသဖြင့် သူမပြန်ပေါ်လာပြီး စုရွေ့ကျယ်ဘဏ်ကတ်လုပ်ဖို့ရန် အတူလိုက်ပေးဖို့ မျှော်လင့်ရန်မလိုအပ်ပေ။

ထိုအချိန်တွင် ချန်ဟွေ့ချန်းသည် သူ့သား၏ဘဏ်ကတ်အားထုတ်လိုက်သ၍ ဘာပြဿနာမှမရှိလျှင် ပိုက်ဆံအားလုံး သူမလက်ထဲရောက်လာပေလိမ့်မည်။ ထိုအချိန်မှ စုရွေ့ကျယ်သည် ပိုက်ဆံများပြန်လိုချင်ပါသော်လည်း သူဒုက္ခရောက်လိမ့်မည်။

"ဒါဆို ကျွန်တော်တို့ ခင်ဗျားကတ်ကိုသုံးလို့ရလား..?"

ကျန့်ယွင်၏စကားများကိုနားထောင်ပြီးနောက် စုရွေ့ကျယ်သည် အံ့ဩထိတ်လန့်သွားရလေတော့သည်။ အရှက်မရှိသောအရာမျိုးလုပ်နိုင်သည်အထိ တကိုယ်ကောင်းဆန်သော ချန်ဟွေ့ကျန်း သည် ထိုသို့သောအရာမျိုးလုပ်နိုင်ပေသည်။

"ကိုယ်တို့သုံးလို့မရဘူး။ ဘာဆက်နွှယ်မှုမှမရှိတဲ့လူတစ်ယောက်ရဲ့ဘဏ်ကတ်ကို သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါဖြင့်ရင် ကျွန်တော်လို့ဘာလုပ်သင့်လဲ..?"

စုရွေ့ကျယ် အနည်းငယ်စိတ်ဓာတ်ကျကာမေးလာ၏။

Su Ruizhe ၏သနားစရာကောင်းသောအသွင်အပြင်သည် အနိုင်ကျင့်ခံရသောခွေး‌ပေါက်ကလေးကဲ့သို့ အနည်းငယ်မျက်ရည်၀ိုင်းနေသောအမည်းရောင်မျက်လုံးကြီးတစ်စုံနှင့် ကြည့်ရသည်မှာတကယ်ကိုချစ်ဖို့ကောင်းလှသည်။

"ဟား ဟား ၊ ကိုယ်ဘာလုပ်လဲဆိုတာမမေ့နဲ့လေ။ ဘဏ်ကတ်လေးတစ်ခုပဲမဟုတ်ဘူးလား? "

ကျန့်ယွင်သည် စုရွေ့ကျယ်၏ အမွှေးပွပွခေါင်းလေးအားထိလိုက်သည်။

"တကယ်လား ?!"

ကျန့်ယွင်သည် မျက်ခုံးပင်လိုက်ကာ ပြောလိုက်၏။

"ဒါပေါ့ အသေးအမွှားပြဿနာလေးပါပဲကွာ "

"ယွင်တကော! ခင်‌ဗျားက ကြောက်စရာကောင်းလိုက်တာ ! "

စုရွေ့ကျယ်သည် အလွန်အကြူးပျော်ရွှင်နေပြီး ရုတ်တရက် ကျန့်ယွင်၏ရင်ခွင်ထဲသို့ ခုန်၀င်လိုက်လေ၏။ သူ့ခါးအားလက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် ခွေးပေါက်လေးကဲ့သို့ ခေါင်းလေးအားပွတ်သပ်နေလေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now