抖阴社区

??????? ??《????????????????》

Start from the beginning
                                    

【T/N : ရေမီးအစုံလေထီးခုန်ရုံ ဆိုသလို ပြည့်ပြည့်စုံစုံအကုန် အကုန်လုပ်ထားပြီးသားမို့ ကြိုက်တဲ့အချိန်အထုပ်ဆွဲပြီး တက်နေရုံပဲလို့ပြောချင်တာ။】

ကျန့်ယွင်၏ လုံခြုံသောအိမ်သည် ကြိုးအချို့ကို ဆွဲပြီးနောက် အထက်အရာရှိများကိုငှားထားခဲ့လေသည်။ ယခုလက်ရှိတွင် ဗီလာဧရိယာတစ်ခုလုံးတွင် နေထိုင်သူများမနေကြသေးသဖြင့် အထူးသဖြင့် ဘာမှမရှိသလိုဖြစ်နေသည်။

ကျန့်ယွင်၏ လုံခြုံသောအိမ်သည် အစွန်အဖျား၏အ‌တော်လေး အနီးနားတွင် တည်ရှိသဖြင့် သိပ်ကောင်းလှသည်တော့မဟုတ်ပေ။ သို့သော် မူလအားနည်းချက်သည် အားသာချက်တစ်ခုဖြစ်လာလေသည်။ ဤဘက်တွင် လုံခြုံလောက်သည်ဟု သူခံစားရလေသည်။

ပုန်းခိုရန်နေရာတစ်ခုဖြစ်သောကြောင့် အချို့ပြင်ဆင်မွမ်းမံမှုများကိုလည်း ပြုလုပ်ခဲ့သည်။ သူခိုကာကွယ်နိုင်သောပြတင်းပေါက်များနှင့် တံခါးများသည် လုံး၀ခံနိုင်ရည်ရှိသည်။ အတွင်းပိုင်းတွယ် အရေးမကြီးသောပြင်ဆင်မှုအချို့လည်းရှိသည်။ အရေးအကြီးဆုံးမှာ ဗီလာ၏တစ်နေရာရာတွင် အခြားမှတ်ပုံတင်ကတ်များ၊ ပတ်စပို့များ၊ ဘဏ်ကတ်များနှင့် ငွေသားအချို့အပြင် သေနတ်တစ်လက်ရှိသော လုံခြုံရေးသေတ္တာတစ်ခုရှိ‌သည်။

ထိုလုံခြုံရေးအိမ်သည် အထူးသဖြင့် သူတို့၏အထောက်အထားများ ဖော်ထုတ်ခံလိုက်ရပြီး ယာယီတိမ်းရှောင်ရန်လိုအပ်သည့် လျို့ဝှက်ရဲများ အသုံးပြုရန်ဖြစ်သည်။ ကျန့်ယွင်သည် ယခုသူ့အနေဖြင့် လုံခြုံရေးအိမ်တွင်နေရန်အရည်အချင်းမှီနေပြီဟု ခံစားရသည်။ ထို့ကြောင့် သူ့အထက်လူကြီးများကိုဖုန်းခေါ်ပြီး သူ့ဒဏ်ရာများပြန်လည်သက်သာလာကြောင်းပြသရင်း ပြောင်းရွေ့ရန်တောင်းဆိုမှုအချို့ပြုလုပ်ခဲ့သည်။ အထက်လူကြီးများကလည်း သူတို့အနေဖြင့် အရပ်သားများအားနှောက်ယှက်ရန်မသင့်ဟုခံစားရသဖြင့် ကျန်ယွင်၏ ဒဏ်ရာများပျောက်ကင်းသည်အထိကုသရန် လုံခြုံရေးအိမ်သို့သွားရန်တောင်းဆိုချက်အား ခွင့်ပြုလိုက်ပြီးဖြစ်သည်။

လုံခြုံရေးအိမ်၏ အတွင်း‌ပိုင်းပြင်ဆင်မှုသည် အတော်လေးဖက်ရှင်ကျသည်။ တည်ဆောက်သူများသည် ဥရောပစတိုင်အတိုင်း ဒီဇိုင်းဆွဲပြီး ပြင်ဆင်မွမ်းမံထားခဲ့ကြသည်။ အချို့တည်ဆောက်မှုများနှင့် ပရိဘောဂများသည် လိုက်ဖက်လှသည်။ ထိုအရာက အလွန်ကို သက်တောင့်သက်သာနှင့် နွေးထွေးနေသည်။ လုံး၀ကို ပြောင်းရွှေ့ရလွယ်ပေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now