抖阴社区

??????? ??《????????????????????????》

Start from the beginning
                                    

သို့သော်ငြားလည်း သတင်းများရှိ ပုံများသည် စုရွေ့ကျယ်တစ်ကြိမ်ပြောပြခဲ့ဖူးသလို ကမ္ဘာပျက်ကပ်အကြို ဖြစ်ရပ်များဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ အပူရှပ်ခြင်းဟုခေါ်နိုင်သော ထိုလူများသည် မကြာခင်မှာပင် ရေဓာတ်ခမ်းခြောက်လာပြီး သေဆုံးကြရလိမ့်မည်။ ထို့နောက် သွေးစွန်းသောလ၏ ညများတွင် သူတို့ပြန်လည်နိုးထလာကြလိမ့်မည်။

ကျန့်ယွင်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ စုန့်ချန်ရှုအားဖုန်းခေါ်လိုက်သည်။

“အားကျန့် ငါပြောခဲ့သလိုပဲ ဆေးဝါးပစ္စည်းတွေရဖို့ဆိုတာ အရမ်းမမြန်ဘူးလို့။ ငါအခု တချို့တစ်၀က်လောက်ပဲရသေးတယ်။ မင်းငါ့ကို အတင်းအကြပ်တိုက်တွန်းနေလည်း အပိုပဲ ”

စုန်ချန်ရှု ပြန်လည်ပြောဆိုလေတော့သည်။

“အခု မြို့တော်ဆေးရုံမှာ အခြေအနေဘယ်လိုရှိလဲ ?”

“နေရာတိုင်းမှာ လူအများကြီး အပူရှပ်တာခံစားနေကြရတယ်။ လူအများကြီး ပြင်းထန်တဲ့ရေဓာတ်ခမ်းခြောက်မှု ခံစားနေကြရပြီး သူတို့ထဲကအများအပြားသေဆုံးသွားကြတယ် ”

စုန်ချန့်ရှု သက်ပြင်းချလိုက်သည်။

ထိုအကြောင်းကြားရပြီးနောက် ကျန့်ယွင်၏ မျက်ခုံးများ ပိုပြီးကြုံသွားသည်။

“မင်းရထားပြီးတဲ့ ဆေးဝါးပစ္စည်းတွေကိုယူပြီး အခုချက်ချင်းဗီလာဧရိယာကို ကားမောင်းလာခဲ့ ”

“အာ? ငါအခု အလုပ်ထဲမှာပဲရှိသေးတယ်..အလုပ်ပြီးမှလာလို့ရလား? ”

“What the f**k”

ကျန့်ယွင်သူ့ဆံပင်များကို စိတ်တိုစွာ ဆွဲဆုပ်လိုက်ပြီး အဆဲစကားများကိုမြိုချလိုက်ကာ စကားပြောင်းလိုက်သည်။

“ငါနည်းနည်း မသက်မသာခံစားနေရတယ် ပြီးတော့ ဒဏ်ရာကရောင်နေသလား ငါမသိဘူး”

အာ? တကယ်လား? ငါအခုချက်ချင်းလာခဲ့မယ် ”

အဆုံးမှာတော့ စုန့်ချန်ရှုသည် သူ့သူငယ်ချင်းများအပေါ်တွင် ပိုအာရုံစိုက်လိုက်တော့သည်။ သူမြန်မြန် အပြေးအလွှားထွက်သွားပြီး ဆေးရုံမှထွက်သွားခွင့်ရရန် မေးလိုက်သည်။ 

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now