抖阴社区

??????? ??《????????????????》

Start from the beginning
                                    

သို့သော် ဖုတ်ကောင်ရောဂါပိုးကဲ့သို့သောအရာမျိုး သူတို့ခန္ဓာကိုယ်ကိုတိုက်ခိုက်လာပါက ခုခံတိုက်ခိုက်နိုင်သော အထူး antibodies(ပဋိပစ္စည်း) များရှိသော တချို့လူများလည်းရှိသည်။အကယ်၍ antibodies မှနိုင်သွားပါက ကိုယ်ခန္ဓာထဲရှိ ဆဲလ်များသည် မြင့်မားစွာတိုးတက်ကောင်းမွန်လာပြီး စွမ်းအားများကို နိုးထလာစေလိမ့်မည်။

၎င်းသည် များသောအားဖြင့် နိုးလာဖို့ သုံးနာရီထက်ပိုကြာနိုင်ပြီး နိုးထလာသောလူသည် ထိုအတောအတွင်းတွင် မေ့မျောနေခြင်းအခြေအနေသို့ရာက်သွားပြီး အပြင်းဖျားသည့် လက္ခဏာမျိုးစသည်ဖြင့် ဖြစ်နိုင်သည်။ စွမ်းအားပိုသန်မာလေလေ မေ့မျောနေသည့်အချိန်ပိုကြာလေလေဖြစ်လိမ့်မည်။ သူ့ရှေ့ရှိလူငယ်လေးကဲ့သို့ သူသာကြာနိုင်သမျှ ထိန်းထားနိုင်လျှင် သူနိုးလာပြီး စွမ်ရည်အသုံးပြုသူတစ်ယောက်ဖြစ်လာလိမ့်မည်။

ပြောပြသည်အားကြားပြီးနောက် စုန့်ချန်ရှု သူ့စိတ်ကို လျှော့ချလိုက်ပြီး အသုံး၀င်သည့်အရာများကို ဘေးပတ်လည်တွင်စတင်ရှာဖွေလိုက်ကာ စုရွေ့ကျယ်အားခေါ်ပြီး ၎င်းတို့ကိုထည့်ခိုင်းလိုက်သည်။ အဆုံးတွင် ဂိုထောင်တစ်ခုလုံးသည် အသုံးမ၀င်သည့် လျှပ်စစ်ပစ္စည်းများမှလွဲပြီး ပြောင်လုနီးပါးဖြစ်သွားကာ ကျန်သည့်အရာအကုန်လုံးသည် စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ယူထားလိုက်ပြီးဖြစ်လေသည်။

“ငါတို့လည်း မကြာခင် ထွက်ကြရအောင် ”

ကျန့်ယွင် ကောင်းကင်ကိုကြည့်လိုက်သောအခါ တစ်နာရီလောက်တွင် နေထွက်တော့မည်ဟု သတိပြုမိလိုက်၏။ လူပိုများများ အစားအစာရှာဖွေဖို့ထွက်လာကြလိမ့်မည်ဖြစ်ပြီး အသက်ရှင်နေဆဲလူများသည် ဖုတ်ကောင်ပိုများများကိုလည်း ဆွဲဆောင်နေလိမ့်မည်။ သူတို့သာသတိမပြုမိလျှင် သူတို့ထွက်ဖို့ခက်ခဲလိမ့်မည်ဖြစ်သည်။

“သူကကော? ”

စုန့်ချန်ရှုသည် အိပ်ပျော်နေဆဲဖြစ်သောလူငယ်လေးကို တချက်ကြည့်လိုက်၏။

“မင်းကသူ့ကိုသယ်၊ ငါနဲ့ရှောင်ကျယ်က မင်းကိုကာကွယ်ပေးမယ်”

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now