抖阴社区

??????? ??《????????????????》

Start from the beginning
                                    

“အို့...”

စုန့်ချန်ရှုသည် ထိုအမိန်အတိုင်းပဲ လူငယ်လေးအားသယ်ရန်လုပ်လိုက်သည်။ သူသည် ဆရာ၀န်တစ်ယောက်သာဖြစ်သော်လည်း Gym သို့ အားကစားလုပ်ရန်သွားခဲ့သည်။ သူကနည်းနည်းတော့ သန်မာနေပါသေးသည်။

ကျန့်ယွင်သည် တံခါးတွင်နားကပ်လိုက်ကာ အပြင်ဘက်တွင်ဘာတစ်ခုမှသွားလာနေသည်မရှိကြောင်း အတည်ပြုလိုက်ပြီး ဂိုထောင် တံခါးကိုဖွင့်လိုက်ကာ တိတ်တဆိတ်ထွက်လိုက်သည်။

သုံးယောက်စလုံးသည် ပျော့ပြောင်းပြီး ပေါ့ပါးသော sneakers များ၀တ်ထားပြီး ဆူညံသံမထွက်စေခဲ့ကြချေ။

ကျန့်ယွင်သည် ဓာတ်မီးကိုထုတ်ယူလိုက်ကာ လမ်းကြောင်းရှင်းရန်အရှေ့မှသွားလိုက်သည်။ စုရွေ့ကျယ်လည်း ဓာတ်မီးထုတ်ကာ အနောက်ဘက်ကို ဂရုတစိုက်စူးစမ်းလေသည်။ စုန့်ချန်ရှုသည် အဖျားတက်နေသောလူငယ်လေးကိုသယ်ထားပြီး အလယ်တွင် လူနှစ်ယောက်မှကာကွယ်ထားခဲ့သည်။

သူတို့သည် အနောက်ဘက်တံခါးဆီသို့ အနောက်ဘက်လှေကားမှဆင်းသည့်လမ်းအတိုင်းလိုက်လာခဲ့ကြပြီး မြေပြင်ပေါ်တွင် သွေးအိုင်ကြီးတစ်ခုတွေ့လိုက်ကြသည်။ ကျန့်ယွင်၏မျက်ခွံများ ကျုံ့သွားကာ သူ့လက်ထဲရှိမီးနှင့် ထိုးလိုက်၏။ နံရံပေါ်ရှိ နေရာတိုင်းတွင် စင်ထားသော သွေးများကိုရှာတွေ့လိုက်ပြီး အနောက်တံခါးအပြင်ဘက်တွင် အရိုးသာကျန်တော့သော အကိုက်ခံထားရသည့် လက်တစ်ချောင်းကိုလည်းတွေ့လိုက်ရ၏။

ထိုသတ်ဖြတ်မှုမြင်ကွင်းသည် စုန့်ချန်ရှုအားထိတ်လန့်သွားစေပြီး အကယ်၍သူသာ ထိန်းသိမ်းနိုင်သည့်အလေ့အကျင့်မရှိခဲ့လျှင် ပျို့အန်မိလိမ့်မည်ဖြစ်သည်။

“ဘာ, ဘာ...ဘာဖြစ်ခဲ့တာလဲ? ”

စုချန်ရှု၏အသံသည် တုန်ယင်နေလေ၏။

ကျန့်ယွင်၏ မျက်ခုံးများတင်းကြပ်စွာ တွန့်ချိုးသွားပြီး စုရွေ့ကျယ်နှင့် စုန့်ချန်ရှုအား သူ့နောက်သို့လိုက်မလာရန်အချက်ပြလိုက်သည်။ တံခါးဆီသို့ဖြေးညင်းစွာလျှောက်သွားလိုက်ပြီး ရောက်သည်နှင့် တိတ်တဆိတ်နှင့် တံခါးကို အနည်းငယ်ဖွင့်လိုက်၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now