ဖုတ်ကောင်ငှက်များ မည်မျှ အားကြီးကြောင်း သူသိသည်။ ထိုသတ္တဝါများသည် အလွန်လျင်မြန်စွာ ပျံနိုင်ပြီး လေထဲတွင် တိုက်ခိုက်နိုင်ကြကာ ၎င်းတို့သည် ခုခံကာကွယ်မှုလည်း အလွန်ကောင်း၏။ ဖုတ်ကောင်ကြက်တူရွေးသည် ဖုတ်ကောင်ဖြစ်ပြီးနောက် သူ့လက်သည်းများသည် အလွန့်အလွန် ထက်မြလာပြီး ၎င်း၏ထက်မြသော နှုတ်သီးသည် ချိတ်ကောက်တစ်ခုလိုပင်။ သို့မဟုတ်လျှင် တံခါးနှင့်အနီးဆုံးတွင်ရှိနေသော ကျန့်ကျားဟယ်သည် ကျန့်ယွင်သာ လျင်လျင်မြန်မြန် မတုံ့ပြန်လိုက်ပါက ဒဏ်ရာ ရသွားပေလိမ့်မည်။
ကျန့်ကျားဟယ်သည် ပိုက်နှင့် ဖုတ်ကောင် ကြက်တူရွေး၏ခေါင်းကို ရိုက်ခွဲလိုက်ပြီး ထိုအထဲမှ အလွန်သေးငယ်သော အမြုတေခဲလေးကိုထုတ်ယူလိုက်သည်။ စုန့်ချန်ရှုသည် တစ်ခုခုရတာက ဘာမှမရတာထက်စာရင် ကောင်းသည်ဟူသော အကြံဖြင့် အမြုတေခဲကို ရေဖြင့်ဆေးကြောကာ စုဆောင်းထားလိုက်၏။ယခုလေးတင် တံခါးကိုဖွင့်လိုက်သည့်အခါ အတော်လေးဆူညံသွားလေပြီး ဖုတ်ကောင်အချို့သည် သူတို့ဘက်သို့ စတင် စုစည်းလာကြသည်။ ကျန့်ယွင်နှင့် ကျန်ကျားဟယ်သည် ဆိုင်၏၀င်ပေါက်တွင် ဖုတ်ကောင်များကိုဖြေရှင်းရန် တာ၀န်ယူကြရပြီး ထိုအချိန်တွင် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့သည် ပစ္စည်းများကို စုဆောင်းရန် တာ၀န်ယူကြရမည်ဖြစ်သည်။
ဤ စူပါမားကတ်လေးသည် ကျန့်ကျားဟယ်ပြောခဲ့သလိုနှင့် အမှန်တကယ်ကို တူညီ၏။ စာငှက်များသည် သေးသွယ်ကြသော်လည်း ၎င်းတို့တွင် ကိုယ်တွင်းအင်္ဂါများရှိအစုံရှိကြသည်။ အိမ်ယာရှိလူများအတွက်ကြောင့် ရောင်းချသောပစ္စည်းများအားလုံးသည် နေ့စဉ်ဘ၀တွင် အသုံးပြုကြသော လိုအပ်သည့် ပစ္စည်းများသာဖြစ်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည်လည်း သာမာန်အမှာများဖြစ်သည့် သူတို့လိုချင်ကြသော အရသာမှုန့်များ၊ ဘက်ထရီများအပါအ၀င်၊ ဖယောင်းတိုင်များ၊ မီးခြစ်များ စသည်တို့ကို ယူခဲ့လိုက်သည်။သူတို့ပစ္စည်းများကို ထည့်လျှိုကြပြီး စူပါမားကတ်အသေးလေးထဲမှ ထွက်လာခဲ့ကြသည့်အချိန်တွင် မြေပြင်ပေါ်တွင် အကုန်လုံး ခေါင်းများ ကွဲကြေလျက် သေနေသော ခန္ဓာကိုယ် ခုနစ်ခု ရှစ်ခုလောက်ရှိနေသည်။ ကျန့်ကျားဟယ်၏ စွမ်းအားနှင့် စွမ်းရည် နှင့် ကျန့်ယွင်၏စွမ်းအားနှင့် စွမ်းရည်သည် ချောချောမွေ့မွေ့လိုက်ဖက်နေခဲ့သည်။ ထိုအသေကောင်များသည် သူတို့အား လုံး၀ဒဏ်ရာမရစေခဲ့ပေ။ သို့သော် ကျန့်ကျားဟယ်သည် အမြုတေအခဲတစ်ခုသာစုဆောင်းနိုင်ခဲ့သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《???????????? ????????????? 》
Start from the beginning