“ညီအစ်ကို အခုလေးတင် ငါပြောလိုက်တာ မှားသွားပါတယ်။ စိတ်ထဲမထားပါနဲ့။ ငါတို့က ဘယ်လိုများ တခြားနေရာကို သွားနိုင်မှာလဲ? ”
အိုး မင်းက သူတို့အပေါ်ကို မှီခိုနေချင်သေးတယ်ပေါ့လေ?“ငါတို့ဆိုတာမရှိဘူး ၊ မင်းကမင်း, ငါတို့က ငါတို့ပဲ”
ကျန့်ယွင် အေးစက်စက်ဖြင့် ပြောပြီးသွားသောအခါ လမ်း၏တစ်ခြားတစ်ဖက်သို့ လျှောက်သွားခဲ့၏။ သူ တခြားကားတစ်စီးကိုရဖို့ နည်းလမ်းတစ်ခုရှာရမည် သို့မဟုတ် စုရွေ့ကျယ်၏နေရာလွတ်ထဲမှ ဂျစ်ကားကိုထုတ်ဖို့ ဘယ်သူမှ မမြင်နိုင်တဲ့နေရာတစ်ခုကို ရှာရမညိ။ တစ်နည်းနည်းဖြင့် သူ ထို၀န်ထုပ်၀န်ပိုးသုံးယောက်ကို သူနှင့်အတူခေါ်သွားရန် ဆန္ဒမရှိပေ။
“အာ ခဏလောက်စောင့်ပါအုံး! ”
သက်လတ်ပိုင်းလူသည် သူတို့လေးယောက် အဝေးသို့လျှောက်သွားသည်ကို မြင်ပြီး သူတို့အလျင်အမြန် အမှီလိုက်လေ၏။
“ငါတို့နောက်ကို လိုက်မလာနဲ့! မဟုတ်ရင် ရိုင်းစိုင်းလို့ငါ့ကို အပြစ်မတင်နဲ့! ”
စုန့်ချန်ရှုသည် သူ့လက်ထဲရှိဓားကို ရက်စက်စွာ မြှောက်လိုက်၏။ ထို သက်လတ်ပိုင်းလူသည် အတော်လေးစိတ်ရှုပ်စရာကောင်းကြောင်း သူလည်း ခံစားရသည်။ ဘာပဲဖြစ်ဖြစ် သူတို့အား အင်တာနက်ကဖေးထဲမှ ကယ်ပေးခဲ့ပြီး အဲ့ဒါကတော့ သူတတ်နိုင်တဲ့ အကြင်နာဆုံးအပြုအမူပဲဖြစ်လိမ့်မည်။
သက်လတ်ပိုင်းလူသည် အခြေအနေအားတွေ့သောအခါ သူ့နောက်သို့ နောက်ထပ် မလိုက်ရဲတော့ပေ။ သူသည် တွန့်ဆုတ်စွာဖြင့် ဆံပင်ရှည်အမျိုးသမီးနှင့် သန်မာသောလူဆီသို့ ပြန်လျှောက်သွားလေသည်။
ဆံပင်ရှည်အမျိုးသမီးသည် သူ့အား မျက်လုံးလှန်လိုက်သည်။ ထို့နောက် ကျန့်ယွင်နောက် အမှီလိုက်သွားကာ သူ့အား တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်၏။
ကျန့်ယွင် သူ့မျက်ခုံးများ အသာပင့်လိုက်ပြီး စုရွေ့ကျယ်နှင့် သူ့သူသယ်ချင်းများကို ကြည့်လိုက်၏။ သူတို့ကန့်ကွက်ခြင်းမရှိသည်ကိုတွေ့သောအခါ သူခေါင်းညိတ်လိုက်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《?????????????????????? ???????????????????》
Start from the beginning