抖阴社区

??????? ??《?????????????????????? ???????????????????》

Start from the beginning
                                    

အမျိုးသမီးသည် စိတ်သက်သာရာရသော သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ဆုံး၌ သူမ၏နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခုပေါ်လာ၏။ သူမသည် သန်မာသည့်လူတစ်ယောက်တည်းကိုသာ သူမနှင့်အတူ အလျင်အမြန် ဆွဲခေါ်သွားလိုက်သည်။ 

သက်လတ်ပိုင်းလူသည် သူတစ်ယောက်တည်းကျန်ခဲ့သည်ကို တွေ့ပြီး သူတို့အားအမှီလိုက်ချင်ခဲ့သည်။ သို့သော် စုန့်ချန်ရှု၏ခြိမ်းခြောက်မှုကို ကြောက်နေခဲ့သည်။ သူသည် အလွန်စိတ်စော ဒေါသထွက်နေပြီး လမ်းဘေးရှိ ပျက်စီးနေသောကားကို ပြင်းပြင်းထန်ထန်ကန်လိုက်၏။။

ကျယ်လောင်သော ကားအချက်ပေးသံသည် ညကောင်းကင်ကိုဖြတ်ကျော်ကာ ထွက်ပေါ်လာလေသည်...

“ပြေး! ‌”

ဘာတစ်ခုမှ ထပ်မပြောတော့ဘဲ ကျန့်ယွင်သည် စုရွေ့ကျယ်အား လမ်း၏တစ်ဖက်ရှိ စားသောက်ဆိုင်ဆီသို့ ဆွဲခေါ်သွားလေသည်။

ထိုကဲ့သို့သော အသံကြီးသည် သေချာပေါက်ကို ကြီးမားလှသော ဖုတ်ကောင်များကို ဆွဲဆောင်ပေလိမ့်မည်။ ကားမရှိဘဲ သူတို့ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် ကျန့်ကျားဟယ်၏ခြေထောက်သည် ဒဏ်ရာရနေကာ သူသည် အမြန်မပြေးနိုင်ပေ။ ကျန့်ယွင်သည် ကားကိုထုတ်ယူရန် စုရွေ့ကျယ်၏ နေရာလွတ်ကိုဖော်ထုတ်ပြီး မစွန်စားချင်ပေ။ သူအနီးအနားတွင် ပုန်းပြီး သူတို့ပြန်ထွက်မလာခင် ဖုတ်ကောင်များပျောက်ကွယ်သွားသည်အထိ စောင့်ရန် အနီးအနားရှိ နေရာတစ်ခုကို ရှာရန် ဆုံးဖြတ်လိုက်သည်။

သူတို့ ရွေးချယ်လိုက်သည့် ဟော််တယ်သည် ပိတ်ထားသောတံခါးများနှင့်နှစ်ထပ်တိုက်တစ်ခုဖြစ်ကာ စားသောက်ဆိုင်အပေါ်ဘက်ဖြစ်သည်။ သို့သော်လည်း ဒုတိယထပ်တွင် ပွင့်နေသောပြတင်းပေါက်တစ်ခုရှိသော်လည်း ပိတ်ထားလုနီးပါးဖြစ်နေသည့် လသာဆောင်တစ်ခုရှိသည်။ သူတို့ ဒုတိယထပ်သို့တက်ပြီး ဟော်တယ်ထဲသို့၀င်နိုင်သ၍ သူတို့ လုံခြုံလိမ့်မည်။

ဖုတ်ကောင်များသည်  အရိုးအဆစ်များတောင့်တင်းနေကြပြီး နံရံများအသာထား လှေကားများကိုပင် မတက်နိုင်ကြပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now