抖阴社区

??????? ??《?????????????????????》

Start from the beginning
                                    

သူမသည် သူမ နောက်ရှိလူ၏လက်မောင်းအားပုတ်လိုက်၏။ သူသည် သူမပြောခဲ့သည့်အကြောင်းအရ အားလျန် ဖြစ်နိုင်သည်။

အမျိုးသမီး၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ဖြူလာပြီး သူမ၏နဖူးမှ ချွေးများစီးကျလာခဲ့သည်။ သူမ၏ကိုယ်ထဲသို့ ရောဂါပိုး၀င်သွားသည်မှာ ရှင်းလင်းနေပြီး စတင်ပျံ့နှံနေပြီးဖြစ်သည်။

“ရှောင်ကျင်း....”

ကျန်းရှို့လျန် ပထမဆုံးအကြိမ်အဖြစ် သူ့ပါးစပ်ကိုဖွင့်လာ၏။ သူ့အသံသည် အလွန်နက်နဲပြီး ဩရှနေကာ သူမျက်လုံးများသည် အတော်လေးနီရဲနေ၏။

“အသက်ရှင်ပါ၊ ငါ့ကိုကတိပေး၊ အသက်ရှင်ပါ”

ဝူကျင်းသည် လက်ဆန့်ကာ နက်နဲသောခံစားချက်များကိုပြနေသည့် ကျန်းရှို့လျန်၏မျက်နှာအားထိလိုက်၏။

သူတို့သည် စုံတွဲတစ်တွဲဖြစ်ကြောင်းပေါ်လာလေသည်။ သူ ထိုအန္တရာယ်များလှသောအခြေအနေမှာ သူဒဏ်ရာရသွားနိုင်လျှင်တောင် အမျိုးသားသည် သူမအားကယ်တင်ရန်ကြိုးစားသည်မှာ အံ့ဩစရာမရှိတော့ချေ။

ကျန်းရှို့လျန် သည် အသံတိတ်နေသော်လည်း သူ့လက်များသည် ဝူကျင်းအား တင်းကြပ်စွာ ပိုက်ထွေးထားလေသည်။

ဝူကျင်းသည် အတင်းအကြပ်ပြုံးကာ သူမ၏လည်ပင်းတွင်ဆွဲထားသော XXX car ဟု ရေးထားသောအလုပ်ကတ်ကို  ဖြုတ်လိုက်ပြီး

“ဆိုင်ထဲမှာ အရံစွမ်းအင်အထောက်အပံ့တစ်ခုရှိတယ်။ ဒါက တံခါးကတ်။ ထိလိုက်တာနဲ့ ရှင်တို့ဖွင့်လို့ရတယ်။ သော့တွေက ကျွန်မရဲ့ ရုံးသုံးဗီရိုရဲ့အံဆွဲထဲမှာ။ ရှင်တို့ ကားတစ်စီးကို ယူပြီးရင် တကယ်လို့ အဆင်ပြေမယ်ဆိုရင် အားလျန်ကို ရှင်တို့နဲ့အတူခေါ်သွားပေးနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ သူက ကြံ့ခိုင်ရေးနည်းပြတစ်ယောက်ပါ။ သူ တိုက်ကွမ်ဒိုကိုအချိန်ခဏလောက်သင်ယူခဲ့ဖူးပြီးတော့ သူက အဲ့နေရာမှာ တော်နေဆဲပါ။ သူက ကူညီဖို့ သင့်တော်နိုင်ပါတယ်။ ဒါပေါ့ တကယ်လို့အဆင်မပြေရင် ဒါဆို သူ့အတွက် ကားတစ်စီးချန်ထားခဲ့ပေးပါ။”

သူတို့သည် ဝူကျင်းနှင့်တခြားသူများနှင့် လမ်းခွဲသွားကြရန် စီစဉ်ထားခဲ့သည်။ ဝူကျင်းသည် သူတို့ဆိုင်ထဲမှ ကားများကိုယူရန် ကမ်းလှမ်းခဲ့သည်။ သူမသည် နိုင်ငံခြား မော်တော်ကားဘရန်းတစ်ခု၏ 4S ဆိုင်မှ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်သည်။ ထိုတံဆိပ်၏ အကျော်ကြားဆုံး မော်တော်ကားများမှာ Off-road ကား (လမ်းကြမ်းသုံးတောင်တက်ကားများ) များဖြစ်သည်။ ကားများသည် ထူထဲပြီးမာကျောသောသံမဏိပြားများနှင့်ပြုလုပ်ထားကာ အလွန်ခိုင်ခံ့ပြီး သန်မာကြသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now