ဝူကျင်း၏4Sဆိုင်သည် ဟော်တယ်နှင့် သိပ်မဝေးပေ။ ဆိုင်ထဲတွင် စမ်းသပ်နိုင်သောကားများရှိပြီး တခြားကားများသည် ဂိုထောင်ထဲတွင်ရှိသည်။ သူမ၏လက်ထဲတွင် သော့အားလုံးရှိနေသည်။ သူမ 4Sဆိုင်သို့ရောက်သောအခါ သူမကားတစ်စီးကိုယူပြီး တခြားကားများကို သူတို့ဆန္ဒရှိသလိုအသုံးပြုနိုင်သည်။
သူမ၏ကမ်းလှမ်းချက်သည် ကျန့်ယွင်အား အလွန်ပျော်ရွှင်သွားစေသည်။ ထို off-roadကား တံဆိပ်သည် အလွန်ကောင်းမွန်သည်။ အနာဂါတ်တွင် စီရင်စုထဲမှ မောင်းထွက်သွားဖို့ သူတို့စီစဉ်ထားပါက လုံခြုံသောကားသည် သူတို့၏ခရီးစဉ်အတွက် အတော်လေးအထောက်အကူဖြစ်စေလိမ့်မည်။ စုရွေ့ကျယ်ကြောင့် ကျန့်ယွင်လည်း ပစ္စည်းများစုဆောင်းခြင်းကို စွဲလမ်းလာခဲ့သည်။ ဤအခြေအနေတွင် ကားကို စွန့်ပစ်ရန်လိုအပ်ချက်တစ်ခုသည်ပင် နောင်တရစရာမရှိနိုင်တော့ချေ။ အရေးအကြီးဆုံးမှာ ဤအချိန်တွင် ကျန့်ယွင်သည် သူမပေါ်တွင် အမြင်ကောင်းတစ်ခုရှိနေခဲ့ပြီဖြစ်သည်။ သူမသည် ဆင်ခြင်တုံတရားရှိပြီး လျင်မြန်စွာ စဉ်းစားတွေးခေါ်နိုင်သူတစ်ယောက်ဖြစ်ကြောင်း သူခံစားမိသည်။ သူမသည် မည်သည့်ပြဿနာမှ မဖြစ်စေခဲ့ပေ။ ထို့ကြောင့် သူမသည် သူတို့အား သူမနှင့်ခေါ်သွားရန် ကတိပေးခဲ့သည်။
“လူကြီးမင်း ကျွန်မကို သေနတ်နဲ့ အဆုံးသတ်ပေးဖို့ ရှင့်ကို ဒုက္ခပေးလို့ရမလား? ကျွန်မ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးတစ်ကောင်မဖြစ်ချင်ဘူး ”
ဝူကျင်းသည် သူမ၏မျက်နှာအား ကြမ်းတမ်းစွာ ပွတ်သပ်လိုက်ပြီး သူမ၏ပေပွနေသောmakeupများကို သုတ်လိုက်ပြီး သူမ၏ဖြူဖျော့နေသောသွင်ပြင်ပေါ်လာလေသည်။ သူမသည် လှလှပပသေဆုံးချင်ခဲ့သည်။
“မဟုတ်ဘူး ”
ကျန့်ယွင်သည် တုန့်ဆိုင်းခြင်းမရှိဘဲ သူမအားငြင်းလိုက်၏။
“မင်းသေဖို့မလိုအပ်ပါဘူး ”
ကျန့်ယွင်၏ ငြင်းဆန်မှုကိုကြားပြီး ဝူကျင်း၏မျက်လုံးများထဲရှိ အလင်းရောင်သည် ရုတ်တရက်မှိန်ကျသွား၏။ သို့သော် သူ့နောက်စကားကြောင့် သူမ၏စိတ်ထဲရှိ မုန်တိုင်းသည် ထွက်ခွာသွားတော့သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《?????????????????????》
Start from the beginning