ဗင်ကား၏တံခါးသည်လည်း ပွင့်လာပြီး အရှေ့ထိုင်ခုံမှ ပိန်ပါးသော မျောက်နှင့်တူသည့်လူတစ်ယောက်ထွက်လာကာ ခေါင်းညိန်လိုက်ပြီး တခြားလူငယ်များကိုစောင့်နေသည်။ သူသည် အနောက်ဘက်ကိုယ်ထည်တံခါးကိုဖွင့်လိုက်ပြီး ရေသန့်သေတ္တာများ နှင့် နို့မှုန့်အထုပ်များကိုထုတ်ယူလိုက်သည်။
လူငယ်သည် ခေါင်းညိတ်လိုက်ပြီး ပိန်ပါးသောမျောက်နှင့်တူသည့်လူအားမောင်း၀င်ခွင့်ပြုသည့်အတွက် ရိက္ခာပစ္စည်းတစ်၀က်ကိုယူလိုက်သည်။
ထို့နောက် သူတို့ဆီသို့လာနေသော လမ်းကြမ်းမောင်းကားကို တစေ့တစောင်း အကဲခတ်လိုက်ပြီး မော်ဒယ်လ်ကိုမြင်ပြီးနောက် သူတို့၏မျက်လုံးများသည် တောက်ပသွားကြလေသည်။ သူတို့သည် ကမ္ဘာပျက်ကပ်ကြီးမတိုင်ခင်က ထိုသို့သော ဇီမ်ခံကားများကို များစွာ မတွေ့ဖူးခဲ့ကြချေ။ ထူထဲသောသံမဏိပြားများသည် သိသိသာသာကို အလွန် ခိုင်ခံ့လှသည်။
ခေါင်းဆောင်ဖြင့်သည့် လူငယ်သည် နောက်သို့လှည့်ပြီး သူ့ဘေးနားရှိ ညီငယ်လေးတစ်ယောက်ကို စကားအနည်းငယ် တိုးတိုးပြောလိုက်၏။ ညီငယ်လေးသည် ချက်ချင်းပင် စက်ရုံထဲသို့ အပြေးအလွှားပြန်သွားလိုက်လေသည်။ ကျန့်ယွင်သည် သူတို့ရောက်လာသည်ကို မည်သူ့အားသွားရောက်သတင်းပို့သည့်ကိုမသိလိုက်ပေ။
ထို့နောက် ကြင်နာသောအပြုံးတစ်ခုနှင့် လူငယ်သည် ကားမောင်းသူခုံဘက်သို့ ချဉ်းကပ်လာကာ ကျန့်ယွင်အားမေးလိုက်၏။
“မင်းတို့ ငါတို့ရဲ့ လုံခြုံရေးဇုန်ကို ပူးပေါင်းချင်လား? ”
“ဒါက လုံခြုံရေးဇုန်တစ်ခုလား? ”
လူငယ်သည် သူ့အား အံ့ဩသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလာ၏။
“မင်းမသိဘူးလား? ဒါဖြင့် မင်းတို့ဒီကို ဘယ်လိုရောက်လာကြတာလဲ? ”
“ငါက ငါတို့ရှေ့ကကားနောက်ကိုလိုက်လာခဲ့တာ။ သူက ဖုတ်ကောင်အုပ်စုကို ဘယ်လိုရှောင်ရမှန်းမသိဘဲ ငါတို့ကို တောင်တိုက်မိလုနီးပါးပဲ။ နောက်တော့ ဒီအထိသူ့နောက်ကိုလိုက်လာဖို့အပြင် ငါတို့နောက်ထပ်ရွေးချယ်စရာမရှိတော့ဘူး”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《????????????? ??????????????》
Start from the beginning