အစီအစဉ်အတိုင်း သူတို့သည် စစ်တန်းလျားဆီသို့ ခြေကျင်ရောက်သွားခဲ့ကြပြီး အနောက်ဘက်ကို ဂရုတစိုက်ပတ်၍လမ်းလျှောက်ခဲ့ကြလေ၏။ စစ်တန်းလျားတွင် မျှော်စင်နှစ်ခုရှိသော်လည်း ၎င်းတို့သည် မီးတိုင်များကြောင့်သာမြင်နိုင်ပြီး ယခုမူ လျှပ်စစ်ဓာတ်အားမရှိသဖြင့် မြင်တွေနိုင်စွမ်းအားကို ကြီးမားစွာ လျှော့ချပေးလေ၏။ ထို့ကြောင့် သူတို့အနီးအနားရောက်နေသော်ငြားလည်း သူတို့အား လုံး၀ရှာမတွေ့နိုင်ချေ။
ကျောက်ပင်းနှင့် သူ့တပ်စုသည် စစိတန်းလျားနှင့် အလွန် ကျွမ်း၀င်ကြ၏။ သူတို့သည် မဖမ်းမိနိုင်သော တန်းလျား၏အားနည်းသည့်နေရာများကို အလွန်ရှင်းလင်းကြပြီး ကျောက်ပင်းသတ်မှတ်ပေးသောနေရာတွင် စုရွေ့ကျယ်သည် ငှက်နွယ်ပင်နှင့် အပေါက်ဖောက်စေလေ၏။ နံရံတွင် အတော်လေး ကြီးမားသောအပေါက်ကြီးတစ်ခုအား တိတ်တဆိတ်ဖောက်ရန် ဆယ်မိနစ်သာကြာခဲ့လေ၏။
သူတို့အားလုံးသည် စစ်တန်းလျားထဲသို့ ချောချောမွေ့မွေ့၀င်ရောက်သွားခဲ့ကြပြီး စစ်တန်းလျားအား မည်သူကမှ စောင့်ကြည့်နေခြင်းမရှိချေ။ သူတို့သည် ခြေထောက်နားတွင် ဂိုထောင်တစ်ခု၏တံခါး၌ မီးရောက်အောက်တွင် သေနတ်များကိုချလျက် ဖဲကစားနေကြသော လူအတော်များများကို မြင်ရသည်အထိ အတော်ဝေးဝေးသို့ လမ်းလျှောက်ခဲ့ကြလေ၏။
ကျောက်ပင်းသည် ဂိုထောင်အား အထူးအမှတ်အသားပြုထားခဲ့လေ၏။ အသက်ရှင်ကျန်သူများသည် ဖမ်းဆီးခံစစ်သားများကို လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခွင့်မပြုရန် အားလုံးသဘောတူခဲ့ကြသဖြင့် သူတို့အား အိပ်ဆောင်များနှင့် အခြားနေရာများတွင် နေထိုင်ရန်စီစဉ်ပေးလိမ့်မည်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားအတူတကွစုရုံးထောင်ချထားရန် နေရာတစ်ခုကိုရှာဖွေသည်က ဖြစ်နိုင်လေသည်။ ထိုဖဲကစားနေကြသောလူများသည် စစ်သားများအားစောင့်ကြပ်ရန်တာ၀န်ရှိသူများဖြစ်နိုင်လေ၏။
အတိတ်တုန်းက ဤသို့မဖြစ်ဖူးခဲ့သော်ငြား ယခုအခါတွင်မူ လေ့ကျင့်သားမရှိသော အရပ်သားများက စစ်တန်းလျားများကို ထိန်းချုပ်ထားခဲ့လေပြီ။ ထိုလူများအား စစ်သားများကဲ့သို့ စည်းစနစ်ကျနပြီး ၎င်းတို့၏တာ၀န်များကို နာခံမှုရှိစွာလိုက်နာဆောင်ရွက်ကြဖို့ မျှော်လင့်ရန် မဖြစ်နိုင်ချေ။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《???????????????????》
Start from the beginning