တစ်ဖက်တွင် လူလေးယောက်ရှိ၏။ ဘယ်သူတစ်ဉီးတ်စယောက်ကမှ သတိမပြုမိစေဘဲ ထိုလူလေးယောက်အား တိတ်ဆိတ်စွာ သတ်ဖို့သည် အမှန်တကယ်ကို ဒုက္ခများနိုင်လေ၏။
အထဲကအခြေအနေကို မေးဖို့ သူတို့ထဲက တစ်ယောက်ချင်းစီကို ငါတို့ဆီ တိတ်တိတ်လေး မြှားခေါ်တာက ပိုကောင်းတယ်။"ငါတို့ဘယ်လိုလုပ်ရမလဲ?"
ကျန့်ယွင်သည် ပြုံးလျက် ဝူကျင်းအား ညွှန်ပြလိုက်လေ၏။
ဝူကျင်းသည် သူမ၏မျက်နှာအား သန့်ရှင်းအောင် ဆေးကြောပြီးဖြစ်လေ၏။ ထိိုလှပသောမျက်နှာဖြင့် အစောင့်တစ်ယောက်အား မြှူဆွယ်ဖို့က လွယ်ကူနိုင်ပေလိမ့်မည်။ ဖြစ်နိုင်ချေရှိသေးသည်က စစ်တန်းလျားတွင် အသက်ရှင်ကျန်သူထောင်ပေါင်းများစွာရှိသဖြင့် သူတို့ ဝူကငျး်အား တွေ့ဖူးခြင်းမရှိသည်ကို ရှင်းရှင်းလင်းလင်း တွေးနိုင်မည်မဟုတ်ချေ။ သူတို့မသိဘဲ တစ်စုံတစ်ယောက်က စစ်တန်းလျားထဲသို့ ၀င်လာမည်ကို သူတို့ ဘယ်တုန်းကမှ မျှော်လင့်ထားခြင်းရှိလိမ့်မည်မဟုတ်ချေ။
သို့သော်လည်း ဖဲကစားနေသူများသည် အလွန် အာရုံစူးစိုက်နေကြပြီး ဝူကျင်းသည် သူတို့ဆီသို့ ခြေလှမ်းဆယ်လှမ်းသွားခဲ့ပြီးဖြစ်သော်လည်း သူတို့သည် သူမအား သတိပြုမိခြင်းမရှိကြသေးချေ။ ဝူကျင်းသည် ရွေးချယ်စရာမရှိတော့ဘဲ သူတို့အာရုံစိုက်လာစေဖို့ ချောင်းဟန့်လိုက်ရလေ၏။
"ဘယ်သူလဲ? "
သူတို့လန့်သွားကြပြီး ကြည့်လိုက်သည်နှင့်တပြိုင်နက် သူတို့အရှေ့တွင်ရပ်နေသော ကျက်သရေရှိပြီး လှပသောအမျိုးသမီးတစ်ဦးအား တွေ့လိုက်ကြလေ၏။ ထိုအခိုက်၌ ကမ္ဘာကြီးသည် တောက်ပသွားသကဲ့သို့ ခံစားလိုက်ကြရလေ၏။
"ကျေးဇူးပြုပြီး သန့်စင်ခန်းက ဘယ်နားမှာလဲဟင်? အရမ်းမှောင်နေတော့ ကျွန်မလမ်းလျှောက်လာရင်း လမ်းပျောက်နေလို့ပါ "
ဝူကျင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး သူတို့ သူမ၏အသွင်အပြင်အား ရှင်းရှင်းလင်းလင်းမြင်ရလောက်သည့် အချိန်၌ ရပ်လိုက်လေ၏။ သူမ၏ ဆံပင်ရှည်အား ညင်သာစွာ လိမ်နေရင်း သူမ၏လှပပြီး နူးညံ့သောအသွင်အပြင်များအား လှစ်ဟပြလေ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《???????????????????》
Start from the beginning