Sမြို့သည် စီရင်စုအဆင့်မြို့တစ်မြို့သာဖြစ်သော်လည်း ၎င်း၏လူဦးရေသည် ရှစ်သန်းခန့်ရှိနေဆဲပင်ဖြစ်၏။ ထို့ကြောင့် လူဦးရေ၏တစ်၀က်လောက်ပင် ဗီဇပြောင်းလျှင်တောင် ကယ်ဆယ်ရေးတပ်ဖွဲ့များမကိုင်တွယ်နိုင်သည့် တစ်စုံတစ်ခုဖြစ်နေသည်။ မြို့ထဲသို့၀င်ရောက်သွားပြီး အသက်ရှင်ကျန်သူများအား တစ်အိမ်ဆင်းတစ်အိမ်တက်ရှာဖွေခြင်း လက်တွေ့မကျသလို သူတို့လုပ်ဆောင်ဖို့ရာအချိန်မရှိချေ။ ထို့ကြောင့် အစိုးရချမှတ်လိုက်သောနည်းလမ်းသည် အမှန်တကယ်ကို အထိရောက်ဆုံးပင်ဖြစ်၏။ အကယ်၍ အသက်ရှင်ကျန်ရစ်သူတစ်ယောက်သည် လုပ်ဆောင်နိုင်စွမ်းရှိပါက သူတို့သည်ရှာဖွေနိုင်ပြီး တပ်ဖွဲ့ကြီးများနှင့် ပူးပေါင်းနိုင်ပြီး ၊ အကယ်၍ ၎င်းတို့မတတ်နိုင်ပါက သူတို့အားကယ်ဆယ်ရန် တပ်ဖွဲ့များအားစောင့်နေရန်သာရှိလိမ့်မည်။ အကယ်၍ သူတို့အနေဖြင့် လိုအပ်သည့်အတိုင်း အနီရောင်အ၀တ်အားချည်နှောင်ထားပါက တပ်ဖွဲ့၀င်များသည် သူတို့အားကယ်တင်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေလိမ့်မည်ဖြစ်သည်။
သတင်းအားကြားသည့်အခါ ရက်ကွက်များသည် တက်ကြွလာကြလေပြီး လူတိုင်းနီးပါးသည် ထုပ်ပိုးရန် စတင်ကြတော့သည်။ ကျောက်ပင်းလည်း သူတို့အနေဖြင့် အတူတကွ အမှတ်718 အမျိုးသားလမ်းမကြီးဆီသို့သွားချင်သလားဟု မေးမြန်ရန် ရောက်လာလေ၏။
အဖြေကတော့ “ဟုတ်ပါတယ်” ဆိုသည့်တစ်ခွန်းထဲပင်။
သူတို့တွင် စုရွေ့ကျယ်ရှိသောကြောင့် ကျန့်ယွင်နှင့် ကျန်သည့်အဖွဲ့၀င်များသည် အမှန်တကယ်ကို ထုပ်ပိုးရန်အများအပြားမရှိချေ။ သို့သော်လည်း သံသယအ၀င်မခံရစေရန် သူတို့သည် အစားအစာမိားနှင့် ရေများအပြည့်ထည့်ထားသောတောင်တက်အိတ်ကြီးတစ်ခုကို သယ်သွားလေ၏။ အသက်ရှင်ကျန်သူများ၏အခြေစိုက်စခန်းသည် အတော်လေးဝေးပြီး ထိုနေရာသို့ရောက်ရန် အချိန်အတော်ကြာလိမ့်မည်ဟု ခန့်မှန်းရ၏။
သူတို့သည် အရင်က ကျောက်ပင်း၏တပ်ဖွဲ့များကိုကူညီခဲ့စဉ်က ရွာငယ်လေးဆီမှပြန်မောင်းလာခဲ့သည့်တစ်စီးနှင့် တူညီသည့် off-road ကားကိုပင် မောင်းသွားခဲ့၏။ မျက်နှာပြင်အား အနည်းငယ်ခြစ်မိထားသော်လည်း လုပ်ဆောင်ချက်ကတော့ အလွန်ကောင်းမွန်နေဆဲပင်ဖြစ်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《???????????????????????》
Start from the beginning