နေ့ဘက်တွင် လူတိုင်းသည် သူတို့၏အခန်းထဲတွင်အနားယူခဲ့ကြ၏။ စုရွေ့ကျယ်ပြုလုပ်ပေးခဲ့သော ထမင်းနှစ်နပ်သည် အတော်လေးကို များပြားကြွယ်၀လေ၏။ သူတို့အနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်အတူ လမ်းတစ်လျှောက်လိုက်သွားသည်နှင့် နောက်တစ်ကြိမ်ပူပူနွေးနွေးအစားအစာများအတွက် အခွင့်အရေးရှိတော့မည်မဟုတ်ကြောင်း သူတို့ခန့်မှန်းကြည့်ခဲ့ကြသည်။
ညမိုးချုပ်သွားပြီးနောက် သူတို့သည် off-road ကားများကိုမောင်းနှင်ကာ ကျောက်ပင်းနှင့် သူ့စစ်သားများနှင့်အတူ ရက်ကွက်မှထွက်ခွာခဲ့ကြလေ၏။
သူတို့ထွက်ခွာလာပြီး မကြာမှီ အနောက်တောင်ဘက်သို့ဦးတည်နေသော ကားအများအပြားကို တွေ့ခဲ့ကြလေသည်။ သိသာစွာပင် သူတို့အားလုံးသည် သတင်းရရှိခဲ့သည့် အသက်ရှင်ကျန်ရစ်သူများဖြစ်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့များကိုရှာရန် အမှတ်718 အမျိုးသားလမ်းမကြီးဆီသို့ ဦးတည်သွားနေကြလေသည်။
ကျောက်ပင်းနှင့် သူ့စစ်သားများကို မြင်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများသည် သူတို့အားရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဟုထင်ခဲ့ကြသည်။ သူတို့သည် ကားများနောက်သို့ လိုက်သွားခဲ့ကြပြီး မကြာမှီမှာပင် ရှည်လျားသောနဂါးတစ်ကောင်ဖြစ် စုံစည်းသွားကြလေ၏။
သို့သော်လည်း ထိုအခြေအနေများအောက်တွင် သူတို့သည် ပိုပိုများသောဖုတ်ကောင်များကို ဆွဲဆောင်မိကြလေသည်။ အကယ်၍ဖုတ်ကောင်များအား ဖြတ်တိုက်ကြိတ်သွားနိုင်ပါက သူတို့ဖြတ်တိုက်သွားကြရလိမ့်မည်ဖြစ်သည်။ အလွန်များပြားလာပါက သေနတ်တစ်လက်ဖြင့် ပစ်ခတ်ကြရပေလိမ့်မည်။ တခြားကားများသည် လမ်းကြောင်းအတွင်းသို့ခုန်တိုး၀င်လာရန် ကြိုးစားခဲ့ကြပြီး တခြားကားများနှင့် တိုက်ခတ်မိကြပြီး ယာဉ်ကြောပိတ်ဆို့မှုဆိုးဆိုးရွားရွားဖြစ်ပေါ်စေလေသည်။ ကားများထဲရှိ လူအများအပြားသည် ဖုတ်ကောင်များဝိုင်းရံထားခြင်းခံရပြီး အော်ဟစ်သံများသည် အဆုံးမရှိတော့ချေ။
သို့သော် ကျောက်ပင်းနှင့်အဖွဲ့သည် မည်သို့တတ်နိုင်ပါမည်နည်း? ကားများကိုရပ်ပြီး သူတို့အားကယ်တင်ရမည်လား? ၎င်းသည် လက်တွေ့မကျသည်မှ ထင်ရှားသည်။ လမ်းသည် အလွန်ကျယ်ပြီး လမ်းတစ်ဖက်စီတွင် စည်းကမ်းမဲ့ရပ်ထားသောကားများရှိလေ၏။ ကျောက်ပင်းနှင့် သူတို့ကားများသည် အရှေ့ဆုံးတွင်ရောက်နေပြီး အကယ်၍ သူတို့သာရပ်လိုက်ပါက သူတို့အနောက်ရှိကားများလည်း ရပ်ရလိမ့်မည်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်နိုင်သည့်တခြားသူများအား ဖုတ်ကောင်အလုံးအရင်းအောက်တွင် မြှုပ်နှံလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည် မဟုတ်ပေဘူးလား?

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《???????????????????????》
Start from the beginning