抖阴社区

??????? ??《???????????????》

Start from the beginning
                                    

“တံခါးဖွင့်ပါ၊ ကျေးဇူးပြုပြီး။ ငါတို့က နိုင်ငံတော်ရဲ့ကယ်ရေးအဖွဲ့ပါ။ ဖုတ်ကောင်တွေအားလုံးကို သတ်လိုက်ပြီးပြီ။ ကျေးဇူးပြုပြီး တံခါးဖွင့်ပြီး ဒီကနေထွက်ပြီး ငါတို့နဲ့အတူ လိုက်ခဲ့ပါ။ ”

သူ့အသံထွက်လာသည်နှင့် အပေါ်ထပ်ပြတင်းပေါက်မှ ခေါင်းအတန်းများထွက်ပေါ်လာလေ၏။ သူတို့အားလုံးသည် ဆယ်ကျော်သက်လေးများဖြစ်ကာ သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်များရှိနေလေ၏။

“အဲ့ဒါက စစ်တပ်ပဲ! ငါတို့ကိုကယ်ဖို့လာတဲ့ ဦးလေးက စစ်သားတစ်ယောက်ပဲ! ”

သူတို့သည် အော်ဟစ်အားပေးပြီး ပြေးလွှားကုန်ကြ၏။ ထို့နောက် တစ်စုံတစ်ယောက်သည် တံခါးအားပိတ်ဆို့ထားသည့် အရာအားလုံးကို ရွှေ့ရန် စတင်နေလေ၏။

သို့သော် တံခါးနောက်တွင် ပစ္စည်းများမည်မျှအသုံးပြုပိတ်ဆို့ထားသည်ကိုမသိရဘဲ မိနစ်အနည်းငယ်ကြာသည့်တိုင်အောင် သူတို့မပြီးကြသေးချေ။ စိတ်ပျက်အားငယ်စွာဖြင့်လီမင်းသည် စစ်သားအချို့အား ပြတင်းပေါက်မှ ၀င်စေပြီး သူတို့အား ကူညီစေ၏။

အဆောက်အဦးထဲသို့၀င်ရောက်လာပြီးနောက် စစ်သားများသည် ကြက်သေ သေသွားကြလေ၏။ အထဲတွင် သူတို့၏ ကျောင်း၀တ်စုံ၀တ်ထားကြသော ကျောင်းသားရာပေါင်းများစွာရှိနေလေ၏။ သူတို့ဆံပင်များသည် ရှုပ်ပွနေပြီး သူတို့သည် ပိန်ပါးနေကြပုံရသော်လည်း သူတို့တွင် စိတ်ခွန်အားရှိနေကြဆဲပင်။ တံခါးနားတွင် ပစ္စည်းများကို ရွှေ့နေသော လူကြီးဆယ်ယောက်ကျော်လည်းရှိနေပြီး သူတို့ထဲမှ အများစုသည် ဆရာများဖြစ်ပုံရကာ အချို့သည် စားဖိုမှုး၀တ်စုံ၀တ်ဆင်ထားကြလေ၏။ သူတို့သည် ကျောင်းမီးဖိုချောင်မှ ၀န်ထမ်းများဖြစ်ခဲ့ကြရမည်ဖြစ်သည်။

ကျောင်းသားများ၏ စားပွဲခုံများကို ဂိတ်အားပိတ်ဆို့ထားဂန် အသုံးပြုထားလေ၏။ ၎င်းတို့ကို ပိရမစ်ကဲ့သို့စုပုံထားပြီး အလွှာများစွာ ထပ်ထားလေသည်။ ၎င်းတို့အားရွှေ့ရန် အချိန်အတော်လေးကြာခဲ့လေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now