လမ်း၌ အသွင်ပြောင်းဖုတ်ကောင်များကိုဖြေရှင်းပြီးနောက် လူအုပ်သည် အားကစားရုံဆီသို့ အခက်အခဲမရှိ ပြန်ရောက်သွားကြလေ၏။ အလယ်တွင် လူနှစ်ဦးဖြတ်လျှောက်သွားလောက်အောင်ကျယ်သည့် အလယ်လမ်းတစ်ခုစီဖြင့် နေရာများစွာကို ပိုင်းခြားထားခဲ့လေ၏။ အသက်ရှင်ကျန်သူများ အနားယူရန်အတွက် ကြမ်းပြင်အား စောင်များဖြင့် ခင်းထားလေ၏။
စစ်တပ်သည် ဒီဇယ်ဂျင်နရေတာများကို တပ်ဆင်ပြီး အားကစားရုံကြီးအား အေးစေရန် လေအေးပေးစက်များဖွင့်ထားပြီး အပူချိန်သည် ယခုမှ ရောက်ရှိလာသော အသက်ရှင်ကျန်သူများကို သက်တောင့်သက်သာရှိစေ၏။ သူတို့သည် အလုပ်ရှုပ်နေကြသော စစ်သားများနှင့် အခြားအသက်ရှင်ကျန်သူများသည် ရောက်လာကြပြီး အားကစားရုံကြီး၌ ၀င်ထွက်သွားလာနေကြပြီး စိတ်အေးလက်အေးရှိနေကြသည်ကို မြင်လိုက်ကြရ၏။ သူတို့သည် စစ်သားများ၏လမ်းညွှန်မှုအရ သတ်မှန်ထားသည့်နေရာများဆီသို့ အနားယူရန် သွားကြလေ၏။
စစ်သားများသည် သူတို့၏ ဗိုက်များကိုဖြည့်ရန် လူတိုင်းအား ပေါင်မုန့်၊ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်းများနှင့် သောက်ရေများကို ပေးဝေခဲ့ကြ၏။ အသက်ရှင်ကျန်သူများသည် ရက်အတော်ကြာအောင် ကြောက်ရွံ့နေခဲ့ကြရ၏။ ယခုမူ နိုးကြားမှုအပြည့်နှင့် များပြားကြီးမားလှသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်မှုအောက်တွင် နောက်ဆုံး၌ သူတို့ လုံခြုံသည့်ခံစားချက်ကို ရခဲ့ကြလေသည်။ သူတို့တတ်နိုင်သလောက် စားသောက်ကြပြီးနောက် သူတို့ထဲမှ အများစုသည် လဲလျောင်းပြီး အိပ်စက်ကြလေ၏။
သူတို့ရောက်လာသည်မှာ အနည်းငယ်နောက်ကျခဲ့သော်လည်း တပ်မှူးသည် အနားယူရန် စစ်တပ်နှင့်အနီးဆုံး ခြားထားသည့်နံရံနားတွင် နေရာချန်ထားစေရန် ပြုလုပ်ပေးခဲ့သည်။
တခြား ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် အချိန်နှင့်အမျှ ပြန်ရောက်လာကြသော်လည်း တစ်ဖွဲ့ချင်းစီသည် အသေအပျောက်များဖြင့်သာ ပြန်ရောက်လာခဲ့ကြသည်။ ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့သည် အကောင်းဆုံးကံရှိပြီး တစ်ဖွဲ့လုံးသည် လုံလုံခြုံခြုံဖြင့် မည်သည့်ဒဏ်ရာများမရဘဲ ပြန်ရောက်လာခဲ့သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ?? 《????????????????????????????》
Start from the beginning