抖阴社区

??????? ?? 《????????????????????????????》

Start from the beginning
                                    

ဒဏ်ရာရသူများကို အားကစားရုံအနောက်ဘက်ရှိ အခန်းသို့ပို့ထားခဲ့ပြီး စစ်တပ်ဆေးဘက်ဆိုင်ရာ၀န်ထမ်းများက ဂရုစိုက်ပေးနေသည်။

မိုးလင်းဖို့သည် သိပ်မကြာတော့ချေ။ နောက်ဆုံး၌ သူတို့သည် နံရံအားမှီပြီးထိုင်နိုင်ကြပြီဖြစ်ကာ သူတို့၏မျက်လုံးများကို မှိတ်ထားချိန်တွင် ကျန့်ယွင်သည် ရုတ်တရက် သူတို့ဆီသို့လာနေသော ခြေသံများကို ကြားလိုက်ရလေ၏။

ကျန့်ယွင်ကြည့်လိုက်သောအခါ တပ်မှူးသည် စစ်သားများစွာခြံရံလျက် လူကိုယ်တိုင်လာနေသည်ကို တွေ့လိုက်ရ၏။

မတိုင်ခင်က ကျန်းရွှီကျိုးထံသို့ ကျန့်ယွင်နှင့် စုရွေ့ငျယ်အား ခေါ်ဆောင်သွားပေးသည့် တပ်မှူးကျန်းပင်ဖြစ်၏။

"တပ်မှူးကျန်း? ခင်ဗျားက ဒီကို ဘာလို့များလဲ?"

"မနေ့ညက စစ်သားအများကြီး ဒဏ်ရာရခဲ့ကြတယ်၊ ပြီးတော့ ဒေါက်တာစုန့်ရဲ့ ဆေးပညာအရည်အချင်းက အရမ်းတော်တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ သူ့မှာ သူတို့ကိုကူညီပေးဖို့ အချိန်ရှိမလား? နောက်ထပ် ကျွန်တော် လူကြီးမင်း ကျန့် နဲ့ လူကြီးမင်း စု တို့ကို ပြောစရာအချို့ရှိပါတယ် "

တပ်မှူးကျန်း၏ အသံသည် အလွန်ဖော်ရွေကာ လေးစားမှုအပြည့်ရှိ၏။
မထွက်ခွာမီ ကျန့်ယွင်နှင့် စုရွေ့ကျယ်အား စောင့်ကြည့်သင့်ကြောင်း တပ်ရင်းတပ်မမှူးကျန်းမှ သူ့အား သတိပေးခဲ့၏။

ဆယ်ဖွဲ့မြောက်အဖွဲ့၏ခေါင်းဆောင် ကွမ်းဟုန်နှင့် ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့၏ခေါင်းဆောင် လီမင်းတို့၏ အစီရင်ခံစာများအရ ရဲစခန်းရှိ တိုက်ပွဲ၌ ကျန့်ယွင်၏အဖွဲ့မရှိပါက မည်သည့်အကျိုးဆက်များဖြစ်လာမည်ကို မသိနိုင်ခဲ့ချေ။

သူတို့အဖွဲ့၏ သန်မာမှုသည် သူတို့မှန်းဆထားသည်ထက် သေချာပေါက် ပိုသန်မာပေသည်။ သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ဒေါက်တာစုန့်သည် လူနာ၏အခြေအနေအရ ရောဂါပိုးကြောင့် တခြားသူသည် လုံး၀ဖျက်ဆီးခံလိုက်ရပြီး ဖြစ်မဖြစ်ကိုပင် ဆုံးဖြတ်ပေးနိုင်စွမ်းရှိ၏။ ထို့ကြောင့် သူသည် ဒဏ်ရာရသူများ၏ အခြေအနေအား အကဲဖြတ်ပေးဖို့ ကူညီ‌ပေးရန် သူအားမေးချင်ခဲ့သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now