"ရတာပေါ့ "
ကျန့်ယွင်သည် ချန်းချီနှင့် ကျန်းရှို့လျန်တို့အား စကားအနည်းငယ်ပြောပြီး ဤနေရာတွင်နေကာ ချန်ကျောင်းနှင့် တခြားဒဏ်ရာရသူများကို စောင့်ကြည့်ရန်ပြောလိုက်၏။ ထို့နောက် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့နှင့်အတူ တပ်မှူးကျန်းနောက်သို့လိုက်သွားလေ၏။
အားကစားရုံ၏ နားနေခန်းထဲတွင် ဒဏ်ရာရစစ်သား ဒါဇင်များစွာသည် ကြမ်းပေါ်တွင် လဲလျောင်းနေကြကာ သူတို့အားလုံးသည် အဖျားတက်ခြင်း၊ တက်ခြင်း နှင့် အသားအရေနီမြန်းခြင်းများကို ခဏပြီး ခဏ ခံစားနေရ၏။ ဆေးဘက်ဆိုင်ရာစစ်သားများသည် သူတို့၏ ဒဏ်ရာများကို သန့်ရှင်းပြီး ပတ်တီးစီးပေးထားပြီးဖြစ်သော်လည်း အခြားမည့်သည့်အရာမှ ပိုမလုပ်နိုင်ခဲ့ကြချေ။ သူတို့သည် သာမာန်အအေးမိဖျားနာခြင်းထက် ဖုတ်ကောင်ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖျားနာနေကြခြင်းဖြစ်ကာ သာမာန်ဆေးဝါးများဖြင့် ကုသပေး၍မရချေ။
ဖုတ်ကောင်ရောဂါပိုးသည် 100% အချိန်ပြည့် အသွင်ပြောင်းခြင်းမဖြစ်စေဘဲ 30% လောက်သည် စွမ်းအားရှင်တစ်ယောက်အဖြစ် နိုးထလာနိုင်သည့်အခွင့်အရေးရှိကြောင်း သိရှိဖို့ရန် သိပ်မကြာတော့ချေ။
ဖုတ်ကောင် movie များနှင့် ၀တ္ထုများ ကြည့်ရှု ဖတ်ရှုဖူးသူ အများစုသည် ရောဂါပိုးကူးစက်ခံရပြီးနောက် သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး ၎င်းသည် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုများဦးတည်နေသည်ဟု ယူဆကြသည်။ သို့သော် တူညီသည့်အခန်းထဲတွင် ဒဏ်ရာရသူများနှင့်နေရသည်မှာ အလွန်အန္တရာယ်များပြီး မည်သူက ဗီဇပြောင်းနိုင်သည်၊ မည်သူက မပြောင်းနိုင်ဟု မပြောနိုင်ကြချေ။ ဗီဇမပြောင်းနျုင်သည့် သူများကိုလည်း ပြောင်းသွားနိုင်မည့်သူများ၏အနီးနားတွင်ထားရန်ကလည်း အလွန် အန္တရာယ်များလေ၏။
စစ်တပ်၏ ဖြေရှင်းနည်းကတော့ လူများအား တစ်ယောက်ချင်း ကြည့်ရှုရန်ဖြစ်၏။ ဒဏ်ရာရလူတိုင်းအား စစ်သားတစ်ယောက်မှ စောင့်ကြပ်နေခဲ့ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ဗီဇပြောင်းသွားခဲ့ပါက ပုခက်ထဲမှာပင် လည်ပစ်ညစ်ခံရမည့် အန္တရာယ်ရှိသည်ပင်။ သို့သော် ၎င်းသည် စစ်တပ်အထောက်အပံ့ရင်းမြစ်များကို ကြီးမားသည့်ဖြုန်းတီးမှုဖြစ်စေသည်။ အကယ်၍ ဒေါက်တာစုန့်သာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများအား ကူးစက်မှုကို မည်သို့ ခွဲခြားသတ်မှတ်ရမည်အား ပြသပေးနိုင်ပါက ဖြေရှင်းဖို့ရန် ပိုပြီး လွယ်ကူပေလိမ့်မည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ?? 《????????????????????????????》
Start from the beginning