抖阴社区

??????? ??《 LED ???????????????? 》

Start from the beginning
                                    

"ငါမင်းကို လုပ်ခိုင်းချင်တယ်ဆိုတဲ့ အကြံတစ်ခုရှိတယ်"

"ဘာအကြံလဲ? "

စုရွေ့ကျယ်သည် စိတ်၀င်စားလာလေ၏။ သူသည် အိုတာကုတစ်ယောက်ဖြစ်သည့် ကျန့်ကျားဟယ်၏ ကောင်းကင်သို့ အချိန်မရွေးထိုးဖောက်နိုင်သော ဦးနှောက်အပေါက်ကြီးကို အမှန်တကယ် သဘောကျနေခဲ့၏။

"အဲ့အထဲမှာရှိတဲ့အပင်တွေအားလုံးကို မင်းအသုံးပြုနိုင်မလားလို့ စမ်းကြည့်ကြရအောင် "

"‌ကောင်းပြီ"

စုရွေ့ကျယ်သည် ပျော်ရွှင်စွာ သဘောတူလိုက်၏။ ထို့အပြင် သူ့စွမ်းအားများကိုလည်း ကျွမ်းကျင် အောင်လုပ်ချင်ခဲ့သည်။

"အရင်ဆုံး ငှက်ပျောသီးကို ကြိုးစားကြည့်ရအောင်"

ကျန့်ကျားဟယ်သည် အပင်ဇယားမှ ငှက်ပျောသီးဒုံးပစ်လောင်ချာကို လက်ညှိုးထိုးပြုလိုက်၏။
စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ ငှက်ပျောသီးတစ်လုံးကိုထုတ်လိုက်ပြီး သူ့ဘယ်ဘက်လက်ထဲတွင် ဆုပ်ကိုင်ထားကာ သူ့စွမ်းရည်ကို နှိုးဆွရန်ကြိုးစားလိုက်၏။ သို့သော် လုံး၀တုန့်ပြန်မလာခဲ့ချေ။ သူ ကြိုးစားပြီးရင်း ကြိုးစားခဲ့သော်လည်း တုန့်ပြန်မှုမရှိဆဲပင်ဖြစ်၏။

ကျန့်ကျားဟယ်သည် သူ့စိတ်ပျက်မှုကို မပြသခဲ့ချေ။ သို့သော် အပင်ဇယားမှ လျှပ်စစ်ရှော့တိုက် ဘလူးဘယ်ရီကို ပြလိုက်ပြီး ပြောလာ၏။

"နောက်တစ်ခုအနေနဲ့ ဒီ ဘလူးဘယ်ရီကို ကြိုးစားကြည့်"

သူ့နေရာလွတ်ထဲသို့ ငှက်ပျောသီးကိုပြန်ထည့်လိုက်ပြီးနောက် စုရွေ့ကျယ်သည် ဘလူးဘယ်ရီအများအပြားကိုထုတ်ယူလိုက်ကာ သူ့ဘယ်ဘက်လက်ထဲတွင်ကိုင်ထားလိုက်၏။ သို့သော် ၎င်းတို့အပေါ်၌ သူ့စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း ၎င်းတို့သည် လှုပ်ရှားမှုကင်းမဲ့နေကြ၏။

"နာနတ်သီးတွေကို ကြိုးစားကြည့်မလား? "

အပင်ဇယားသည် ဖုတ်ကောင်များရှေ့သို့ရွေ့လျားလာမှုကိုရပ်တန့်ပေးနိုင်ပြီး ကျည်ဆန်များကိုပြန်ကန်နိုင်လောက်သည့် မြင့်မားသောအရှိန်ဖြင့်လည်နေသည့် လည်နေသောနာနတ်သီးများကို ပြထားလေ၏။ နာနတ်သီးများကို လက်နက်အဖြစ်ပြောင်းလဲနိုင်ပါက မည်သို့ဖြစ်လာမလဲဆိုသည်ကို သူသိချင်နေမိ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now