抖阴社区

??????? ??《??????????》

Start from the beginning
                                    

ကျန့်ယွင်နှင့်အခြားသူများသည်လည်း ပန်ကိတ်ပူပူနွေးနွေးများကို သွားယူကာ စားကြလေ၏။ ဆီ သို့မဟုတ် ရေ မပါရှိသော်လည်း အာလူးများကို အလွန်ကောင်းမွန်စွာ ကြော်ထားခဲ့လေ၏။ ကြွပ်ရွပြီး မွှေးကြိုင်နေသော ပေါင်မုန့်ထဲတွင် ကြွပ်ရွပြီး လေးပင်ပေါ့အာလူးများကို ဌာပနာသွပ်ထားသည်မှာ အရသာရှိလှ၏။

စားသောက်နေစဉ် လူများစွာသည် စကားစမြည်လည်းပြောဆိုနေကြ၏။ ချန်းချီသည် အလွန်စကားများသောလူတစ်ယောက်ဖြစ်ကာ စုရွေ့ကျယ်သည် သူနှင့်ကျန့်ယွင်တို့၏ ရယ်စရာကောင်းသော ငယ်ဘ၀ဟာသများကို လေ့လာခဲ့ရသည်။ ကျန့်ယွင်သည် ယခု 1.9 မီတာအရပ်ရှည်ပြီး ၀မ်းဗိုက်ကြွက်သားရှစ်ခုနှင့် ကြံ့ခိုင်‌သောပေါင်တံတို့နှင့် ချောမောခန့်ငြား သော်လည်း သူသည် ငယ်စဉ်က အရပ်ပုကာ ၀ပြီး မကြာခဏအနိုင်ကျင့်ခံခဲ့ရသည်။ နောက်ပိုင်း၌ သူသည် ကြိုးစားအားထုတ်မှုအနည်းငယ်ဖြင့် ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

ကျန့်ယွင်သည် ချန်းချီ၏ စကားများသောပါးစပ်အား ချုပ်ပစ်ချင်နေခဲ့ပြီဖြစ်၏။ ဘယ်လိုတောင် ဂရုမစိုက်တဲ့ သူငယ်ချင်းလဲ!

အချိန်အကြာကြီးအိပ်ပျော်နေခဲ့သူ ချန်းကျောင်းသည် နောက်ဆုံး၌ သူမ၏မျက်လုံးများ ပွင့်လာခဲ့လေ၏။ 

ချန်ကျောင်းသည် ချန်းချီနှင့် အတော်လေးဆင်တူ၏။ နဂါးနှင့် ဖီးနစ်အမွှာများပင်။ ချန်းချီသည် ချန်ကျောင်းထက် ဆယ့်ငါးမိနစ်စော၍ မွေးခဲ့ခြင်းဖြစ်၏။ ချန်းချီ၏ အသွင်အပြင်သည် အလွန်ခန့်ငြားချောမောသည့်အျမိုးအစားဖြစ်ပြီး ချန်ကျောင်းသည် အလွန်လှပသောအမျိုးအစားဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မောင်နှမနှစ်ယောက်စလုံးသည် အလွန်ထူးချွန်သူများပင်ဖြစ်ကြ၏။

ချန်းချီ၏ပုံစံသည် ကျန့်ယွင်၏ ပလေးဘွိုင်းပုံစံထက် များစွာမဆိုးလှချေ။ ချန်ကျောင်း၏ 1.75 မီတာကတော့ မိန်းကလေးများကြားထဲတွင်ရပ်လိုက်ပါက လုံး၀ပေါ်လွင်ပေသည်။ ထို့အပြင် သူမတွင် ခါးသွယ်သွယ်လေး၊ လှိုင်းတွန့်ဆံပင်ရှည်ကြီးနှင့် လှပသောအသွင်အပြင်ငါးရပ်လည်း ရှိသေး၏။ သူမ၏ မျက်လုံးများသည် တောက်ပနေသော ကြယ်လေးများကဲ့သို့ပင်။ သူမသည် နတ်ဘုရားမတစ်ယောက်ကဲ့သို့ဖြစ်ပြီး အိုတာကုတစ်ယောက်ဖြစ်သော ကျန့်ကျားဟယ်ကိုပင် ရပ်တည်ရန်မတတ်နိုင်အောင် လုပ်နိုင်‌ချေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now