抖阴社区

??????? ??《 ??????????????? 》

Start from the beginning
                                    

တပ်ကြပ်ကြီး၏ အဆိုအရ ယမန်နေ့က ပစ္စည်းများစုဆောင်းရန် မြို့မှထွက်ခွာလာသောအဖွဲ့သည် ပြေးလွှားသောင်းကျန်းနေသည့် သန္ဓေပြောင်း၀က်တစ်ကောင်နှင့် ဆုံခဲ့ကြသည်။ လူငါးဦး သို့မဟုတ် ခြောက်ဦးသည် ဒဏ်ရာရရှိခဲ့ကြပြီးနောက် သူတို့သည် ဝက်ကို ဖမ်းကာ သတ်စားရန်အတွက် ပြန်ယူလာခဲ့ကြသည်။

အသားကို ဂျင်းငါးရာ သို့မဟုတ် ခြောက်ရာအထိခွဲခဲ့ကြသည်။ အရိုးများကို ဟင်းချိုချက်ရန် ကန်တင်းသို့ ပို့ဆောင်ခဲ့ပြီး အသားမစားရသည်မှာ အချိန်အကြာကြီးရှိနေပြီဖြစ်သည့် အသက်ရှင်ကျန်သူများ အရသာခံနိုင်ကြပေသည်။ မုန်လာဥနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အပင်ဌာနမှ ကျွမ်းကျင်သူနှစ်ဦးက ထုတ်လုပ်ခဲ့သည်။ ၎င်းတို့သည် အရေအတွက်ပမာဏနည်းပြီး ကန်တင်းကို ထောက်ပံ့ပေးနိုင်ရန် ရှားပါးလှသည်။

ကျန့်ယွင်၏အဖွဲ့သားများ သူတို့ပြန်လာသောအခါတွင် ထိုသို့သောကောင်းသည့်အရာများကို ဖမ်းဆုပ်မိခြင်းမှာ ကံကောင်းခြင်းပင်ဖြစ်လေသည်။ သူတို့သည် အလုပ်မှတ်များကို ဖြတ်တောက်ရန် ID ကတ်များကို ပွတ်ဆွဲကာ အစားအသောက်များကို ချောချောမွေ့မွေ့ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့၌ အလုပ်မှတ်များ အများကြီးရှိသောကြောင့် ခေါက်ဆွဲစွပ်ပြုတ်နဲ့ ကိတ်မုန့်များ ဝေစုရခဲ့ကြသည်။ သို့သော် မည်သူကမှ သူတို့အလွန်အကျူး၀ယ်ခြင်းဟုမတွေးခဲ့ကြချေ။ အထူးသဖြင့် ယနေ့ အစားအသောက်သည် အမှန်တကယ်အရသာရှိသောကြောင့်ဖြစ်သည်။ လူများစွာသည် သူတို့၏ သွားများကိုတင်းတင်းကြိတ်ကာ စားသောက်ဖို့ တစ်ခုထက်ပိုပြီး ဝယ်ယူခဲ့ကြသည်။

ပြောင်းဖူးကိတ်သည် အရသာ အနည်းငယ်ခြောက်သော်လည်း မုန်လာဥစွပ်ပြုတ်နှင့် အများကြီးပိုကောင်းခဲ့သည်။ မုန်လာဥစွပ်ပြုတ်တွင် လက်ချောင်းလောက်အထူရှိသည့် မုန်လာဥနီ‌လေးနှစ်တုံးသာပါခဲ့သည်။ ပြုတ်ထားသည့် မုန်လာဥပြုတ်သည် အသားအရသာနှင့် ကြွပ်ကြွပ်ဆတ်ဆတ်ရှိသည်။ ဟင်းချိုကို အလွန်တန်ဖိုးထားကြပြီး စားလို့အလွန်ကောင်းကြသဖြင့် တစ်စက်က‌လေးတောင် မဖြုန်းတီးဘဲ သန့်သန့်ရှင်းရှင်း သောက်ကြခဲ့တယ်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now