抖阴社区

??????? ??《 ?????????????????????????? 》

Start from the beginning
                                    

ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည်သူတို့၏ စွမ်းအားများကို အလွန်အကျွံသုံးစွဲခဲကြ၏။ အပေါ်ယံတွင် အတော်လေးလွယ်ကူပုံပေါ်သော်လည်း တကယ်တမ်း၌ နှစ်ယောက်စလုံး အလွန်ပင်ပန်းနေခဲ့ကြ၏။ သူတို့နှစ်ယောက်လုံးသည် အထပ်မြင့်အဆောက်အဦးဆီကို တန်းတန်းမတ်မတ် ပြန်သွားခဲ့ကြပြီး သက်တောင့်သက်သာပြန်အိပ်ခဲ့ကြ၏။ တခြားသူများသည် ကန်တင်းမှ ထမင်းပြန်ယူလာခဲ့ပေးကြသည်။ စားသောက်ချင်ရှိမှန်းသိကြသဖြင့် သူတို့သည် ဟင်းခြောက်မျိုးကို ရိုးရိုးရှင်းရှင်းဝယ်ပြီး အစားအသောက်ဗူးများဖြင့် ထဲထည့်သယ်ခဲ့ကြသည်။

စုရွေ့ကျယ် မြည်းစမ်းကြည့်လိုက်‌၏။ သန္ဓေပြောင်းကြွက်အသားသည် အရသာတကယ်ကောင်းပြီး ကြက်သား နှင့်နည်းနည်းအရသာတူ၏။

“ကျန့်ကော ဒီနေ့ကျွန်တော်တို့ ညစာသွားစားတုန်းက အခြေစိုက်စခန်းက လူတော်တော်များများ ပျောက်နေတာကို တွေ့ခဲ့တယ်”

ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့ ညစာစားနေစဉ် ကျန့်ကျားဟယ်သည် ခွေးခြေခုံကိုယူပြီး သူတို့ဘေး၌ဝင်ထိုင်လိုက်၏။

“အိုး ဘာကိစ္စရှိလို့လဲ?”

ကျန့်ယွင် ခေါင်းမထောင်ဘဲ မေးလိုက်၏။

“တချို့လူတွေက အခြေစိုက်စခန်းကျဆုံးမယ်လို့ ထင်ပြီး လွတ်လမ်းရှာဖို့ တခြားနေရာတွေကို သွားကြပုံရတယ်”

ကန်တင်းတွင် လူများစွာရှိပြီး အမျိုးမျိုးသောသတင်းများကို အလွယ်တကူကြားနိုင်လေသည်။

“ကျွန်တော်တို့ ပြန်လာတော့ စီမံခန့်ခွဲရေးစင်တာမှာ လဲလှယ်နေကြတဲ့သူတွေ အများကြီးတွေ့ခဲ့တယ်။ လင်းချန်းအခြေစိုက်စခန်းက ကျွန်တော်တို့နဲ့ သိပ်မဝေးဘူးလို့ကြားတယ်။ လူတော်တော်များများက ထွက်သွားပြီး အဲဒီကိုမောင်းထွက်သွားကြတယ်တဲ့။ သူတို့ထဲကတစ်ချို့လူတွေက စွမ်းအားရှင်တွေတဲ့။ သူတို့ထွက်သွားတဲ့အခါတုန်းက သူတို့ ID ကတ်ထဲကအလုပ်မှတ်တွေကို သုံးပြီး ရိက္ခာတွေအများကြီးနဲ့ လဲလှယ်သွားတုန်းပဲတဲ့။ သူတို့ အရှက်မဲ့လွန်းတယ်! ”

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now