抖阴社区

??????? ??《 ??????????????????????????????? 》

Start from the beginning
                                    

တောင်ပိုင်းအခြေစိုက်စခန်းအဖွဲ့ ပြန်ထွက်ခွာသွားကြပြီးနောက် ဝမ်ချန်အခြေစိုက်စခန်းရှိ မြို့စာင့်တပ်ထဲရှိ စွန့်ပစ်အမှိုက်အုပ်စုသည် ရုတ်တရက် ပိုပိုပြီး သန်မာလာခဲ့လေသည်။ သူတို့သည် ၎င်းတို့ လုမိသားစုနှင့်ပူးပေါင်းလိုက်ချိန်တွင် ဖိအားများခံစားခဲ့ရသည်။ ၎င်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် ပတ်သက်မှုရှိနိုင်သည်ဟု ပထမဆုံးသံသယရှိခဲ့လေသည်။

တောင်ပိုင်းအခြေစိုက်စခန်း၌ ဆေး၀ါးအသစ်တစ်ခုရှိမှန်းသိပြီးနောက် သူသည် ထိုအကြောင်းကိုစတင်တွေးမိပြီး ဆေးဝါးအချို့ဝယ်လိုခဲ့သည်။ သို့သော်လည်း စွမ်းရည်ဆေး၏အာနိသင်သည် အလွန်ကောင်းမွန်ကြောင်း သူကြားခဲ့ရသည်။ ၎င်းသည် အစွမ်းကို တိုးတက်စေသည့် အာနိသင်ရှိရုံသာမက စွမ်းအားတိုးတက်အောင် ကူညီပေးနိုင်လေသည်။ ၎င်းသည် တကယ့်ကို ရှားပါးကောင်းမွန်သည့် အရာတစ်ခုဖြစ်ချေ၏။

ယခင်က တောင်ပိုင်းအခြေစိာက်စခန်းမှ လူများနှင့် ဆက်ဆံရေးမကောင်းခဲ့သည်မှာ စိတ်ပျက်စရာပင်။ သူတို့ မြေဆီလွှာမဲ့စိုက်ပျိုးနည်းကို လေ့လာဖို့ အခြေစိုက်စခန်းကိုရောက်လာသည့်အချိန်က သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး လူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ တောင်အခြေစိုက်စခန်းမှလူများ မကျေမနပ်ဖြစ်ပြီး သူ့အားဆေးဝါးများမရောင်းမည်ကို စိုးရိမ်နေခဲ့လေသည်။

သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး တိတ်တဆိတ်လှုပ်ရှားနိုင်သည့် ကိုယ်ပျောက်စွမ်းရည် နိုးထလာသည့် ချန်းချင်းနာမည်ရှိ လက်အောက်ငယ်သားတစ်ယောက် ရှိခဲ့သည်။ ထို့နောက် သူသည် ကိုယ်ပျောက်သည့်တစ်ဖက်လူကိုအဖွဲ့နှင့် ရောနှောပြီး တောင်ပိုင်းအခြေစိုက်စခန်းထဲသို့ဝင်ခိုင်းရန် သူဆုံးဖြတ်လိုက်လေသည်။ တောင်ပိုင်းအခြေစိုက်စခန်းသည် သူ့အား ဆေးဝါးများရောင်းလိုသည့်ဆန္ဒမရှိပါက ချန်းချင်းအား ဆေးခိုးဖို့အခွင့်အရေးကို စောင့်ခိုင်းရန် သူကြိုးစားမည်ဖြစ်သည်။

အသေအချာပင် တောင်ပိုင်းအခြေစိုက်စခန်းခေါင်းဆောင်များသည် သူ့ကို အကြောင်းအမျိုးမျိုးနှင့် တားထားကြ သော်လည်း နောက်ဆုံးမှာတော့ သူ့အား ဆေးရောင်းရန်ဆန္ဒမရှိကြချေ။ သုသည် ချန်းချင်းအား ဆေးမျကို တိတ်တိတ်ဆိတ်ဆိတ် ခိုးခိုင်းခဲ့လေသည်။ ဖော်မြူလာ သို့မဟုတ် တစ်ခုခုရှာနိုင်လျှင် ပိုကောင်းပြီး သူတို့၀မ်ချန်းသို့ပြန်ရောက်သည့်အခါတွင် တူညီသည့်အတိုင်း လုပ်နိုင်ပြီး ခွန်အားပိုရလာနိုင်မလားကို ကြည့်ရမည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now