抖阴社区

??????? ??《 King Kong ????????? 》

Start from the beginning
                                    

ရွှီဖုန့်ယင်းသည် ပြောပြီးသည်နှင့် ထွက်သွားခဲ့လေ၏။ တစ်ဖက်တွင် သူမသည် သူတို့၏ခွန်အားကို တန်ဖိုးထားကာ သူတို့နှင့် မိတ်ဖွဲ့လိုခဲ့၏။ တစ်ဖက်တွင်မူ သူမသည် သူတို့၏အကူအညီကို အမှန်တကယ် အသိအမှတ်ပြုတန်ဖိုးထားခဲ့သည်။ သို့မဟုတ်ပါက သူမသည် ဖုတ်ကောင်ပါးစပ်ထဲတွင် သေဆုံးသွားလိမ့်မည်ဖြစ်သည်။

“ခဏနေအုံး ”

ကျန့်ယွင်သည် ရွှီဖုန့်ယင်းကို ရုတ်တရက် ပြောလိုက်၏။

ရွှီဖုန့်ယင်းသည် သူ့အား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

“စွမ်းအားရှင်တွေဆို ရိက္ခာတွေပေးအပ်ဖို့ မလိုအပ်ဘူးဆိုတဲ့ စည်းမျဉ်းမရှိခဲ့ဘူးလား?”

“ဟုတ်ပါတယ် ဒါပေမယ့် သာမန်လူတွေက ပေးဆောင်ရမှာပါ”

ရွှီဖုန့်ယင်းသည် အားနည်းပုံရသည့် စုရွေ့ကျယ်နှင့် ဝူကျင်းကို ကြည့်လိုက်၏။

“အဲ့ဒါဆို ကောင်းပြီလေ၊ ငါတို့အားလုံးက စွမ်းအားရှင်တွေပါပဲ”

ကျန့်ယွင်ပြောလိုက်ပြီး အပေါ်ထပ်သို့ ဆက်လျှောက်သွားလေသည်။

လင်ချန်းအခြေစိုက်စခန်းသည် စုရွေ့ကျယ်၏အိပ်မက်ဆိုး၏အစဖြစ်လေ၏။ သူသာ တတ်နိုင်မည်ဆိုလျှင် စုရွေ့ကျယ်အား သူ့ဘ၀တစ်လျှောက်လုံး လင်ချန်းနှင့် ဝေးဝေးတွင်ထားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သတိမထားမိခဲ့ချေ။ ဆိုးရွားသောရာသီဥတုသည် သူတို့အား လင်ချန်းအခြေစိုက်စခန်းသို့လာရောက်ရန် ဖိအားပေးခဲ့သည်။

စုရွေ့ကျယ်သည် ကိစ္စမရှိဘူးဟု ပြောခဲ့ပါသော်လည်း တကယ်တမ်း၌ သူ အခြေစိုက်စခန်းသို့ ၀င်လာပြီးကတည်းက သူ့ခေါင်းကိုအောက်ငုံ့ထားကာ ကျန့်ယွင်၏လက်များကိုသာ ကိုင်ထားခဲ့လေ၏။ သူ ဂရုစိုက်နေသေးကြောင်း ကျန့်ယွင်သိ၏။ ယခုအချိန်မှာတော့ ကျန့်ယွင်သည် စာရင်းသွင်းပြီး အိပ်ဖို့နေရာတစ်ခုသာရှာချင်နေခဲ့သည်။ သူတို့နိုးသည့်အချိန်ရောက်သည်နှင့် မိုးတိတ်လုနီးပါးဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့သည် နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်းလမ်းပေါ် ဆက်သွားကြမည်ဖြစ်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now