“သူတို့သေသွားကြပြီ ”
စုရွေ့ကျယ်တစ်ခုခုပြောလာသည်ကိုမစောင့်ဘဲ တုကျန်းသည် တိုက်ရိုက်ပြောပြလိုက်၏။
“သူတို့က အသက်ကြီးနေပြီ။ လုံခြုံရေးဇုန်ကျိုးပေါက်သွားချိန်တုန်းက သူတို့အပြင်ကို ထွက်မသွားကြဘူး။ သူတို့နဲ့မင်းရဲ့ဆက်ဆံရေးက သိပ်ကောင်းမနေဘူးဆိုတာငါမှတ်မိတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ ဆွေမျိုးတွေကြားက ရန်ပွဲတစ်ခုပါပဲ။ ဒီအကြောင်းကို မင်းကို ပြောပြသင့်တယ်လို့ ငါထင်လို့ပါ....”
သေသွားပြီလား?
ချန်ဟွေ့ကျန်းနှင့် စုချီမင်းတို့ ဒီလိုပဲသေသွားကြပြီလား? စုရွေ့ကျယ် ရုတ်တရက် ရယ်မောလိုက်၏။ ဤဘ၀၌ သူတို့သည် သူ့အား သူတို့ကျေနပ်စွာ အသုံးချနိုင်ခွင့်မရှိခဲ့ချေ။ ကျန့်ယွင်၏ အကာအကွယ်မပါဘဲ သူတို့ ဤကဲ့သို့ အဆုံးသတ်သွားခဲ့ကြသည်။
လက်စားချေခြင်းဟူသည် အဘယ်နည်း!
“သူတို့မှာရှိတဲ့ သူတို့သားနဲ့ ချွေးမကကော? ”
စုရွေ့ကျယ် အသံတိုးတိုးနှင့် မေးလိုက်၏။
“ သားနဲ့ချွေးမ လား?”
တုကျန်းသည် သံသယစိတ်တချို့နှင့် ခေါင်းခါပြပြီး
“ ငါ သူတို့ကိုတစ်ခါမှ မတွေ့ဖူးဘူး”
ဤအချိန်တွင် စုရွေ့ကျယ်သည် နောက်ဆုံးအကြိမ် ချန်ဟွေ့ကျန်းနှင့် စုချီမင်းကိုမြင်သောအချိန်ကို သတိရသွားပြီး သူ့၀မ်းကွဲနှင့် သူ့မရီးတို့ကို မမြင်ခဲ့ရပေ။ စုချန်း နှင့်လင်းရှီတို့ ဘယ်သွားကြသနည်း? ပျက်ကပ်အစောပိုင်းမှာပဲ သေဆုံးသွားခဲ့ကြသည်လား? ဒါမှမဟုတ် လူအိုနှစ်ယောက်ကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြသလား?
ယခုအချိန်တွင် စုရွေ့ကျယ်၏ စိတ်ခံစားချက်သည် အလွန်ရှုပ်ထွေးနေ၏။ ပျော်ရွှင်နေသင့်သည်ဟု သူခံစားရသော်လည်း သူဘာကြောင့်မှန်းမသိ ပိုဝမ်းနည်းနေခဲ့သည်။ သူ ချန်ဟွေ့ကျန်း နှင့် စုချီမင်းတို့အတွက် ဝမ်းနည်းသလို ခံစားရသည်။ မကြာခင်မှာပင် နှစ်ဖွဲ့စလုံးသည် လမ်းကြောင်းနှစ်ဖက်ဆီသို့ ထွက်ခွာသွားကြသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ??????????????????????????????????? 》
Start from the beginning