ကျန့်ယွင်၏အဖွဲ့မှလူများသည် ရူးသွပ်သောမောင်းနှင်မှုမုဒ်ကို တစ်ဖန်ပြန်လည်စတင်ကြပြီး နေ့ရောညပါ အမြန်မောင်းနေကြသည်။ သို့သော်လည်း အပူချိန်ကျဆင်းမှုအား မယှဉ်နိုင်ကြသေးဆဲဖြစ်ချေ၏။
ကောင်းကင်တွင် နှင်းများစတင်လာခဲ့ပြီး ရာသီဥတုသည် အုံ့မှိုင်းမှောင်စပြုလာ၏။ လမ်းတွင် နှင်းများကျနေသောကြောင့် ကမောင်းနှုန်းကို စတင်လျှော့ချခဲ့ကြရသည်။ မတိုင်ခင်က မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် နှင်းများအောက်တွင် ရေခဲများဖြစ်လာခဲ့သည်။ ထို့ကြောင့် မော်တော်ကားများ လျှောထွက်ဖို့ အလွန်လွယ်ကူပြီး ညဘက်ကားမောင်းခြင်းသည် အလွန်အန္တရာယ်များလေသည်။
ညနေစောင်းတွင် သူတို့သည် အနားယူရန် ရပ်လိုက်ကြသည်။ စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ သူ့ရွက်ဖျင်တဲကို ထုတ်ယူလိုက်ပြီး ကားပတ်ပတ်လည်တွင် စခန်းချလိုက်၏။ သူသည် ဖုတ်ကောင်တွေ ပေါ်လာပြီး သူတို့ကို အံ့အားသင့်သွားအောင်လုပ်ခြင်းမှ တားဆီးဖို့ ညဘက်၌ စောင့်ကြည့်ဖို့ တချို့ကို စီစဉ်ခဲ့သည်။
ဤနည်းဖြင့် ဤလုပ်ရပ်များကို ထပ်ခါတလဲလဲ လုပ်ခြင်းသည် သူတိုအား လမ်းပေါ်တွင် အချိန်ပိုကြာစေခဲ့သည်။
မြို့နယ်နိမိတ်သို့ ရောက်သောအချိန်၌ ခုနစ်ရက်ကြာသွားခဲ့ပြီဖြစ်၏။
လမ်းကိုမည်သူမှ မရှင်းလင်းသည့်အတွက် နှင်းထုသည် ပိုပိုမြင့်လာပြီး သူတို့ကားများသည် မောင်းရခက်လာလေ၏။ သူတို့ကားသည် ကိုယ်ထည်မြင့်မြင့်နှင့် နှင်းများကြား ရွေ့လျားနိုင်မှုကောင်းကောင်းနှင့် အကောင်းဆုံး off road ကားသာ မဟုတ်ပါက ကားပျက်သွားမည်ကို စိုးရိမ်မိသည်။
မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် တည်နေရာအတိုင်း သူတို့သည် အနောက်မြောက်ဘက်သို့ လမ်းတလျှောက်လာခဲ့ကြပြီး တောင်များကိုဖြတ်ကာ အနောက်မြောက်အခြေစိုက်စခန်းကို လှမ်းမြင်ရသည်အထိ တစ်ဆယ်ကီလိုမီတာကျော် ခရီးနှင်ခဲ့ကြသည်။
တောင်လမ်းသည် ကြမ်းတမ်း၏။ တက်ရလွယ်ပြီး အဆင်းခက်သည်ဟုခေါ်ကြသည်။ နှင်းကျသည့်နေ့များ၌ ကားမောင်းသူများအတွက် ပိုလို့တောင်ခက်ခဲလေသည်။ တောင်ပေါ်ကဆင်းချိန်တွင် အရှိန်သည် အထူးသဖြင့် နှေး၏။ သတိမထားမိပါက ချော်ထွက်ပြီး ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ??????????????????????????????????? 》
Start from the beginning