တောင်အလယ်သို့ရောက်သောအခါ ကျန့်ကျားဟယ်သည် ဘာလုပ်စရာမှမရှိဘဲ ပြတင်းပေါက်မှ လှမ်းကြည့်နေလိုက်သည်။ သို့သော် ထို့နောက်မှာတော့ တောင်ခြေရင်းတွင် မည်းနက်နေသော အစက်အပြောက်များကို မြင်လိုက်ရလေသည်။
ကျန့်ကျားဟယ်သည် သူ့ဦးရေပြား ထုံကျင်သလို ခံစားလိုက်ရ၏။ သူ့ဘေးနားရှိ စုန့်ချန်ရှုကိုဂရုတစိုက်ပုတ်လိုက်၏။
“စုန့်ကော၊ အဲ့ဒါတွေက ဘာတွေလဲ? ”
စုန့်ချန်ရှုသည် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာသည် အတော်လေးကိုပြောင်းလဲသွားကာ
“ အားကျန့် တောင်အောက်ကို လှမ်းကြည့်လိုက်!”
ကျန့်ယွင်နှင့်အခြားသူများသည် တောင်အောက်ကို ငုံ့ကြည့်လိုက်ပြီး ထိုအနက်ရောင်အစက်အပြောက်များသည် ဦးတည်ရာတစ်ခုသို့ ဖြည်းညင်းစွာ စုဝေးလာသည်ကိုသာ တွေ့လိုက်ကြရသည်။ ထို့အပြင် ထိုလမ်းကြောင်းသည် အနောက်မြောက်အခြေစိုက်စခန်းတည်ရှိရာ နေရာ အတိအကျဖြစ်လေသည်။
အဆုံးမှာတော့ သူတို့ ခြေတစ်လှမ်းနောက်ကျပြီးမှ ရောက်လာခဲ့၏။ အဆင့် လေး ဖုတ်ကောင်သည် အနောက်မြောက်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် သာမန်ဖုတ်ကောင်များကို စတင်စုဆောင်းလာပြီဖြစ်သည်။
သောင်းနှင့်ချီသော ဖုတ်ကောင်များသည် ဆီးနှင်းများပေါ်တွင် ဖြည်းဖြည်းချင်း ရွေ့လျားနေကြပြီး လူသားများစုဝေးရာနေရာသို့ ဖြည်းဖြည်းချင်း နီးကပ်လာလေ၏။ အောက်ကို ငုံ့ကြည့်လိုက်ပါက ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကိုသာ ပြသနေလိမ့်မည်ဖြစ်သည်။
“ကျန့်ကော၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ ?”
အမြဲတမ်း တည်ငြိမ်နေသည့် ကျန်းရှို့လျန်ပင် ပျာယာခတ်မသွားဘဲ မနေနိုင်ချေ။
ကျန့်ယွင်သည် အသက်ပြင်းပြင်းရှူရင်း
“ငါမောင်းမယ် ပြီးတော့ အပြေးအလွှားသွားအဆင်သင့်ပြင်ထားကြ။ အားလုံး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ထားကြတော့။ ”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ??????????????????????????????????? 》
Start from the beginning