ကျန့်ယွင်သည် သူတို့၏ဇာစ်မြစ်ကို အတိုချုံးဖော်ပြပြီး သူတို့အနေဖြင့် ဤဖုတ်ကောင်ဒီရေကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အနောက်မြောက်အခြေစိုက်စခန်းအား ကူညီလိုကြောင်း ဖော်ပြခဲ့သည်။
“ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ မင်းတို့အခြေစိုက်စခန်းက ငါတို့ကိုကူညီလိုတဲ့စိတ်ရှိတဲ့အတွက် ငါအရမ်းကျေးဇူးတင်ပေမယ့် မင်းတို့တစ်ဖွဲ့တည်းပဲဆိုတာ အမှန်ပဲလား?”
မြို့ရိုးပေါ်တွင်ရပ်နေပြီး ကျန်းယောင်ဟွားသည် အောက်ဖက်ရှိ စုရွေ့ကျယ်နှင့် အခြားသူများကို သိမ်မွေ့စွာကြည့်လိုက်သည်။
ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် ကျန့်ယွင်သည် သူတို့အပေါ်တွင် ကျန်းယောင်ဟွား၏ အဆိုးမြင်သဘောထားကြောင့် စိတ်မကျေနပ်မှုကို ခံစားနိုင်လေသည်။
“ကျွန်တော်တို့က တောင်ပိုင်းအခြေစိုက်စခန်းကစေလွှတ်လိုက်တဲ့ လက်ရွေးစင်အသင်းတစ်ခုပါ။ ကျွန်တော့်က အမြင်အားဖြင့် သိပ်ကြည့်မကောင်းပုံရပေမယ့် တစ်ယောက်ချင်းစီက အဆင့် 2 နဲ့အထက် စွမ်းအားရှင်တွေပါ။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးက အဆင့် 3 စွမ်းအားရှင်တွေပါ”
ကျန်းယောင်ဟွား :...
【TN: ကျန့်ရှောင်ယွင် က သူ့ ချစ်သူလေးကိုပါ ကြေညာသေးတာ ဇွတ်ကြွား (/¯◡ ‿ ◡)/¯ ~ ┻━┻】
ကျန့်ယွင်၏အဖွဲ့၏ အစွမ်းထက်လှသည့်အင်အားကို မည်သို့ခံစားရမှန်း သူတကယ်မသိခဲ့တော့ချေ။ ဒါမှမဟုတ် ကျန့်ယွင်အကြောင်းကို အခုပဲ အထွန့်တက်သင့်သလား။ ထို့အပြင် ကျေးဇူးတရားပြသသည့်လုပ်ရပ်ကို သူတို့ မေ့သွားလိမ့်မည်ဖြစ်သည်။
“မင်းတို့ ဘာဆက်လုပ်မလဲ? ငါတို့ဘယ်လိုပူးပေါင်းနိုင်မလဲ?”
ကျန်းယောင်ဟွားသည် သူတို့၏ ခွန်အားကို ယုံကြည်နေဆဲဖြစ်၏။ သို့မဟုတ်လျှင် အဖွဲ့သည် ဖုတ်ကောင်ဝိုင်းရံခြင်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး သူတို့အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာနိုင်မည် မဟုတ်ပါချေ။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《 ????????????????????????? 》
Start from the beginning